images
UN
UN
ကမ္ဘာပေါ်တွင် အချိန်နှစ်စက္ကန့်တိုင်း၌ အသက် ၁၈ နှစ်အောက် မိန်းကလေးငယ်တစ်ဦးအိမ်ထောင်ပြုနေရ
KK(IR) Saturday, 15 June 2019
အသက်မပြည့်သေးသည့်မိန်း ကလေးငယ်များအိမ်ထောင်ပြုမှု တိုက်ဖျက်ရေးအဖွဲ့ဖြစ်သည့်Girls Not Brides ၏ပြောကြားချက်အရ အရွယ်မရောက်သေးသည့်ကလေး ငယ်များအိမ်ထောင်ပြုမှုသည် ၂ဝ၁၉ ခုနှစ်တွင်လည်း ကမ္ဘာ့ ပြဿနာတစ်ရပ်အနေဖြင့် တည်ရှိ နေဆဲဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကမ္ဘာပေါ်၌ အချိန် နှစ်စက္ကန့်တိုင်း၌ အသက် ၁၈ နှစ် အောက်မိန်းကလေးငယ်တစ်ဦး၊ တစ်မိနစ်တိုင်းတွင် မိန်းကလေး ငယ် ၂၈ ဦး အိမ်ထောင်ပြုနေရ လျက်ရှိသည်ဟုသိရသည်။ အရွယ် မရောက်မီ အလွန်ငယ်သည့်အရွယ် တွင် အိမ်ထောင်ပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့်အကျိုးဆက် များသည် ကြီးစွာထိခိုက်ပျက်စီးမှု ကိုဖြစ်စေသည်ဟု သိရသည်။
အရွယ်မရောက်မီ အိမ်ထောင် ပြုခြင်းသည် မိန်းကလေးငယ်များ ၏ကလေးဘဝကို အတင်းလုယူ ဖျက်ဆီးခြင်းဖြစ်ပြီး ၄င်းတို့၏ဖွံ့ဖြိုး တိုးတက်မှုကို ထိခိုက်ပျက်စီးစေ သည်။ ၄င်းတို့သည် ပညာမသင် ကြားနိုင်ခြင်း၊ သင့်လျော်သည့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အသိပညာများမသိရှိခြင်းနှင့် စီးပွားရေးဆိုင်ရာအခွင့်အလမ်း များ မရရှိခြင်းတို့နှင့်ရင်ဆိုင်ကြုံ တွေ့ရလေ့ရှိသည်ဟု သိရသည်။
အရွယ်မရောက်မီ အိမ်ထောင် ပြုရသည့် မိန်းကလေးအများစု သည် ပြည်တွင်းအကြမ်းဖက်မှု များကြောင့်ဖြစ်ပြီး ၄င်းတို့သည် လုံခြုံမှုမရှိစွာ၊ ယုံကြည်မှုမရှိစွာ ဖြင့် ကြီးပြင်းလာကြရသည်ဟု လည်း သိရသည်။Girls Not Brides ၏ဖော်ပြချက်အရ ကမ္ဘာ တစ်လွှားတွင် အရွယ်မရောက်မီ အိမ်ထောင်ပြုခံရသည့် အမျိုးသမီး ဦးရေ သန်း ၇ဝဝ ကျော်ရှိကြောင်း သိရသည်။
ကမ္ဘာ့ နေရာဒေသတိုင်းရှိ ဘာသာများအားလုံး၊ လူမျိုးများ အားလုံးနှင့် ယဉ်ကျေးမှုဓလေ့ ထုံးတမ်းများအားလုံးတို့တွင် အရွယ်မရောက်မီ အိမ်ထောင်ပြု ခြင်းကို တွေ့ရသည်ဟုသိရသည်။ ကမ္ဘာပေါ်တွင် အရွယ်မရောက်မီ အိမ်ထောင်ပြုခြင်းကို နိုင်ဂျာနှင့် အိန္ဒိယနိုင်ငံတို့၌တွေ့ရှိရပြီး အမေ ရိကန်တွင် အနည်းဆုံးတွေ့ရှိရ သည်ဟု သိရသည်။
Ref: CNN