images
UN
UN
အင်ဒိုနီးရှားကစားသမားကို ပထမအချီ၌ပင် အလဲထိုးဖြင့်ဖိုးသော်အနိုင်ယူ
မင်းကို Saturday, 15 June 2019
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့၌ ကျင်းပခဲ့သော One Champion-ship ပြိုင်ပွဲတွင်မြန်မာနိုင်ငံမှဖိုးသော် သည် အင်ဒိုနီးရှားမှ ဗစ်တိုရီယို ဆန်းဒက်ခ်ကိုပထမအချီ၌ပင်အလဲ ထိုးဖြင့် အနိုင်ရရှိခဲ့သည်။ ကိုယ်ခံ ပညာသိုင်းပေါင်းစုံ ထိုးသတ်ပွဲ၏ ဖယ်သာဝိတ်တန်းပြိုင်ပွဲအဖြစ် ဖိုး သော်နှင့် ဆန်းဒက်ခ်တို့ယှဉ်ပြိုင်ခဲ့ ခြင်းဖြစ်ပြီး ဖိုးသော်၏ ဖိအားပေး ထိုးသတ်ခြင်းကိုအင်ဒိုနီးရှားကစား သမားက ဆက်လက်တောင့်ခံနိုင် ခြင်းမရှိတော့၍ဒိုင်ပွဲရပ်ဖြင့် အနိုင် ရရှိခဲ့ခြင်းလည်း ဖြစ်သည်။
ဖိုးသော်သည်ယခုပွဲစဉ်မတိုင်မီ အမေရိကန်နိုင်ငံ၌တစ်လကျော်ကြာ လေ့ကျင့်မှုပြုလုပ်ခဲ့သူဖြစ်သည်။ ၄င်းသည်One Champion-ship ပြိုင်ပွဲသမိုင်းတွင် ခုနစ်ပွဲယှဉ်ပြိုင် ခဲ့ရာ၌ အလဲထိုးဖြင့်အနိုင်ရသည့်ပွဲ ခြောက်ပွဲအထိ ပိုင်ဆိုင်ခဲ့ခြင်းဖြစ် သည်။ ထို့ကြောင့် One Champion-ship ပြိုင်ပွဲ၏ ဖယ်သာဝိတ် တန်းတွင် အလဲထိုးပွဲအများဆုံးဖြင့် နိုင်ပွဲရရှိထားသည့်မှတ်တမ်းကို လည်း ပိုင်ဆိုင်ထားသူဖြစ်သည်။