images
UN
UN
အသေးဖွဲ(ကဗျာ)
ကို(တက္ကသိုလ်) Saturday, 15 June 2019
* အသေးဖွဲဟု လျစ်လျူရှု၍
အမှုကြီးမား အမေ့နားကို
သွားဖြင့်ကိုက်ဖြတ် ထိုဖြစ်ရပ်သည်
သိမှတ်ဖွယ်ရာ သင်ခန်းစာတည့်။
* သံတစ်ချောင်းဟု လျစ်လျူရှု၍
စစ်မှုလည်းရှုံး နန်းလည်းသုဉ်းသော
ပြောထုံးဖြစ်သွား ထိုစကားလည်း
မှတ်သားဖွယ်ရာ သင်ခန်းစာတည့်။
* သေးငယ်မှိုက်စ မသိမ်းကလျှင်
ပြာသာဒ်ထိအောင် မီးစွဲလောင်တတ်
ပုံဆောင်စကား အရှိသားတည့်။
* သားကောင်ငယ်စွ မပေါ့ဆပေ
လုံ့လတန်းတူ သတိမူ၍
ဖမ်းယူချေမှုန်း ခြင်္သေ့ထုံးတည့်။
* သြော် ကိုယ်နှင့်မတန် သေးငယ်ရန်ကော
ခြွင်းချန်လျစ်လျူ မပြုမူဘဲ
အယူဖြောင့်မှန် စိတ်ရင်းမှန်ဖြင့်
တာဝန်သိတတ် စေချင်တကား။