images
UN
UN
အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ပြည်သူများက သောင်းသောင်းဖြဖြကြိုဆို
Saturday, 15 June 2019
ဖျာပုံခရိုင် ဖျာပုံမြို့အမှတ် (၉၈)ခြေလျင်တပ်ရင်းမှ အရာရှိစစ်သည်တော်များ ရှေ့တန်းစစ်ဆင်ရေးတာဝန် များထမ်းဆောင်ပြီး နောက်တန်းဌာနချုပ်သို့
ယမန်နေ့ ညနေ ၄ နာရီက ပြန်လည်ဝင် ရောက်လာခဲ့ရာ ဖျာပုံမြို့မှပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။
အဆိုပါ ကြိုဆိုသည့်အခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူးဦးအေးလွင်၊ ခရိုင်ရဲ တပ်ဖွဲ့မှူးဒုရဲမှူးကြီးခင်ဇော်မြင့် ဦးစီးသော ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ဖျာပုံမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ အမှတ် (၉၈) တပ်ရင်းမှဌာနချုပ် တပ်ခွဲမှူးဗိုလ်မှူး(ငြိမ်း) ဦးမင်းထက်ဦးဆောင်သောအရာရှိစစ်သည် မိသားစုများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးနှင့် ထွေ/အုပ်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း များ၊ ဖျာပုံပြည်သူ့ဆေးရုံကြီးမှ ကျန်းမာ ရေးဝန်ထမ်းများ၊ ဖျာပုံမြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ဆရာဆရာမများ၊ ကျောင်း သားကျောင်းသူများ၊ ဘင်ခရာတပ်ဖွဲ့ဝင် များ၊ ကြက်ခြေနီတပ်ဖွဲ့များနှင့် ပြည်သူများ က ကြိုဆိုခဲ့ကြောင်းသိရသည်။
ဖျာပုံသိန်းသန်းအောင်