images
UN
UN
ရခိုင်ပြည်နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်းများအား ထောက်ပံ့နေမှုကို ရပ်ဆိုင်းမည်ဟု ကုလသမဂ္ဂသတိပေး
NG Monday, 17 June 2019
ကုလသမဂ္ဂအဖွဲ့အစည်းများ သည် ရခိုင်ပြည်နယ်အတွင်း၌ ဖွင့်လှစ်ထားသော ကယ်ဆယ်ရေး စခန်းများ(IDP Camps)အား ထောက်ပံ့နေမှုများကို ရပ်ဆိုင်းရန် စဉ်းစားမည်ဟု သတိပေးခဲ့ကြောင်း ဂါးဒီးယန်းသတင်းဌာနက ဖော် ပြသည်။
မြန်မာအစိုးရဘက်မှ ကယ် ဆယ်ရေးစခန်းများအတွက် ထောက် ပံ့မှုများ ပြုလုပ်ရာတွင် ပူးပေါင်း ဆောင်ရွက်ရမည့်နည်းလမ်းများ အား ဆုံးဖြတ်ရာ၌ နှောင့်နှေးမှု ရှိနေခြင်းနှင့် အခြားအခက်အခဲ များရှိနေခြင်းကြောင့် ရခိုင်ပြည် နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်း များအား လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီများ ပေး အပ်နေခြင်းကို ရပ်ဆိုင်းရန် စဉ်းစား နေကြောင်း ကုလသမဂ္ဂဘက်မှ သတိပေးခဲ့ခြင်းဖြစ်သည်။ ကုလ သမဂ္ဂအဖွဲ့၏ ပူးပေါင်းညှိနှိုင်းရေး မှူးဖြစ်သော အော့စ်ဘိုင်က မြန်မာ အစိုးရထံသို့ ရေးသားပေးပို့ခဲ့သော စာအတွင်း၌ ရခိုင်ပြည်နယ်အတွင်း ရှိ ကယ်ဆယ်ရေးစခန်းများတွင် အခြေခံကျသော အပြောင်းအလဲ များ ပြုလုပ်ခြင်းမရှိပါက ပေး အပ်လျက်ရှိသော အကူအညီများ ကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း၊ အခြေခံကျသည့်လုပ်ဆောင်ချက် များ၌ လွတ်လပ်စွာလုပ်ဆောင် ခွင့်ရရှိခြင်း၊ လုပ်သာကိုင်သာရှိ သောအရာများပါဝင်မည့်တိုးတက် မှုများဖြစ်ပေါ်ခြင်း စသည်များကို ပိုင်ဆိုင်မှသာလျှင် အကူအညီများ ဆက်လက်ပေးမည်ဖြစ်ကြောင်း ပါရှိခဲ့သည်။