images
UN
UN
အီလက်ထရွန်နစ်နည်းပညာသင်တန်းကို ပညာဒါန(အခမဲ့)ဖွင့်လှစ်ပို့ချသွားမည်
ဇော်မင်းနိုင်(မြင်းခြံ) Tuesday, 18 June 2019
မန္တလေးတိုင်းဒေသကြီး မြင်းခြံ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတွင် မြန်မာနိုင်ငံအီလက်ထရွန်နစ်နည်းပညာ တိုးတက်မြင့်မားရေးအသင်း(မန္တလေးတိုင်းဒေသကြီး)မှ လူငယ် လူရွယ်များအလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် အီလက်ထရွန် နစ်နည်းပညာသင်တန်းပညာဒါန(အခမဲ့)ကို ယခုလ ၂၂ရက်တွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံအီလက်ထရွန်နစ် နည်းပညာတိုးတက်မြင့်မားရေးအသင်း ( မန္တလေးတိုင်းဒေသကြီး)တို့ ပူးပေါင်းဖွင့်လှစ်မည့်သင်တန်းတွင် ဆရာဦးအောင်ထွန်း(နေလင်းအီလက်ထရွန်နစ်)က လာရောက်ပို့ချ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာနှစ်ရက်ကြာမြင့် မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်လှစ်ရခြင်းမှာ ယနေ့အချိန်အခါတွင် လူတိုင်း နီးပါးအီလက်ထရွန်နစ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုနေကြပြီ ဖြစ်ရာ စက်ပစ္စည်းများ ပျက်စီးမှုများလည်းရှိလာသဖြင့် မိမိတို့ကိုယ်တိုင် နားလည်စေလိုခြင်း၊တတ်မြောက်သည့်ပညာရပ်ကိုအသုံးပြု၍ အလုပ် အကိုင်အခွင့်အလမ်းများတွင် ဝင်ရောက်လုပ်ကိုင်ခွင့်များရရှိစေလို ခြင်းတို့ဖြစ်ကြောင်း သိရသည်။