images
UN
UN
မြဝတီမြို့သို့ ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄၆ ဦးရောက်ရှိ
WT Tuesday, 18 June 2019
မြဝတီမြို့ (၁)ရပ်ကွက်ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားသို့ ထိုင်းနိုင်ငံမှ လဝကအရာရှိ Mr. Somchai Wiromratama နှင့်အတူ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄၆ ဦး(ကျား ၉၁၊ မ ၅၅) တို့သည် မော်တော်ယာဉ်ရှစ်စီးဖြင့် ယမန်နေ့နံနက် ၉ နာရီမှ ၉ နာရီခွဲအထိ ရောက်ရှိလာခဲ့ရာ မြဝတီခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအက်စ်လင်းရောင်ဦးစီးအဖွဲ့က ကြိုဆိုလက်ခံစိစစ်ခဲ့ပြီး ၄င်းတို့၏နေရပ်အသီးသီးသို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာသွား ကြောင်း သိရသည်။