images
UN
UN
ဇွဲကပင်နဲ့ ဇင်းကျိုက်(ကဗျာ)
Tuesday, 18 June 2019
* ဇွဲကပင် တောင်သေလာ။
ကရင်ပြည်နယ် သင်္ကေတ
မှိုင်းပျမှုန်ပြာ။
သံလွင်မြစ်အရှေ့မှာ
တည်နေကာ ခိုင်မြဲ။
သွေးချင်းဆွေ ကရင်တို့
သားချင်းဆွေကရင်တို့
သူ့ရင်ခွင် ပွေ့ယူအပ်
စောင့်ကြပ်နေဆဲ။
* ဇင်းကျိုက်တဲ့ တောင်သေလာ။
မို့မောက်ကာ သည်တောင်တန်းက
မြစ်သံလွင် အနောက်ကမ်း
တန်းလို့ မြောင်ကာ။
တောဝန အခြေမှာ
ရေတံခွန် ဖြာကျမစဲ။
သွေးချင်းမွန်အဆွေတို့
သားချင်းမွန်အဆွေတို့
ပွေ့ကာလေ ရင်ခွင်နွေးနဲ့
ဖေးမနေဆဲ။
* ဇွဲကပင်စေတီရှင်
ဇင်းကျိုက်ရှင် စေတီဦး။
မြတ်စေတီ ရှင်နှစ်ဆူတို့
မြင်တော်မူ တစ်ဆူမှ
မြင်တော်မူ တစ်ဆူသို့
တစ်ဆူလျှင် တစ်ဆူကြည့်
တွေ့ထိယှက်ကူး။
သူရဇော်