images
UN
UN
စိတ်ကြွရူးသွပ်ဆေးပြား ၂၈ သိန်းကျော် ဘိန်းဖြူ ၁၄ ကီလိုဂရမ်ကျော်နှင့် လက်နက်မျိုးစုံ ၁၅ လက်ဖမ်းဆီးရမိ
သန်းဇော်(မိုင်းဆတ်) Wednesday, 19 June 2019

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်း ဆတ်မြို့နယ် မယ်ကြုတ်(၁) ကျေး ရွာ(အာခါရွာသစ်)မှစိတ်ြ<ွကရူးသွပ် ဆေးပြား ၂၈၅ဝဝဝဝ၊ဘိန်းဖြူ ၁၄ ဒသမ ၄ကီလိုဂရမ်ခန့်၊ လက်နက် မျိုးစုံ၁၅လက်၊ကျည်အတောင့်၃ဝဝ နှင့် ကျည်အိမ်တစ်ခုတို့ကို ယခုလ ၁၇ရက် မွန်းလွဲ ၁နာရီက ရှာဖွေ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး စီမံချက်'ရှမ်းရိုးမ-၂'စစ်ဆင်ရေးအား အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာယခုလ ၁၇ရက် မွန်းလွဲ ၁နာရီက ရှေ့တန်း ခမရ (၅၅၃)မှ ခေတ္တတပ်ရင်းမှူးဗိုလ်မှူးဇေယျာ ထွန်းဦးစီးသော တပ်မတော်သား များနှင့်မူးယစ်တပ်ဖွဲ့စု(၂၉)မှဒုရဲမှူး မျိုးခိုင် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များ သည် မိုင်းဆတ်မြို့နယ် စတုံးကျေး ရွာအုပ်စု မယ်ကြုတ်(၁)ရွာ(အာခါ ရွာသစ်)နေ အဲ့ကျိုး၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်တွင်နေ ထိုင်သူတစ်ဦးတစ်ယောက်မျှမတွေ့ ရှိဘဲ ဆက်လက်ရှာဖွေရာ နေအိမ်စ တိုခန်းကြမ်းပြင်အောက်မြေအောက် ခန်းအတွင်း သိုဝှက်သိမ်းဆည်း ထားသော ဆာလာအိတ်တစ်အိတ် လျှင် WY စာတန်းပါလိမ္မော်ရောင် စိတ်ြ<ွကရူးသွပ်ဆေးပြား ၁ဝဝဝဝဝ စီပါ ၂၁ အိတ်၊ WY စာတန်းပါ လိမ္မော်ရင့်ရောင်စိတ်ကြွရူးသွပ်ဆေး ပြား ၁ဝဝဝဝဝ စီပါ ခုနစ်အိတ်နှင့် အပြား ၅ဝဝဝဝပါတစ်အိတ်၊ စုစု ပေါင်း၂၈၅ဝဝဝဝ တန်ဖိုးကျပ်သိန်း ၂၈၅ဝဝ၊ စက္ကူဂျပ်ဖာတစ်ခုလျှင် ဘိန်းဖြူဟုယူဆရသောအဖြူရောင် အမှုန့်အလေးချိန် ဂရမ် ၃ဝဝခန့် စီပါစက္ကူဂျပ်ဖာ ၄၈ခု၊ စုစုပေါင်း အလေးချိန် ၁၄ ဒသမ၄ ကီလို ဂရမ်ခန့်၊ တန်ဖိုးကျပ် ၂၃ဝ၄ သိန်း နှင့်လက်နက်မျိုးစုံ၁၅လက်၊ ကျည် တောင့် ၃ဝဝနှင့်ကျည်အိမ်တစ်ခု တို့ကို ရှာဖွေသိမ်းဆည်းရမိသည်။
အဆိုပါ မူးယစ်ဆေးဝါးအမှုမှ တရားခံ အဲ့ကျိုးအား မိုင်းတွမ်း နယ်မြေရဲစခန်းတွင် မယ(ပ) ၁၁/ ၂ဝ၁၉၊ မူးစိတ် ဥပဒေပုဒ်မ၊ ၁၉ (က)/၂၂(ခ)ဖြင့် အမှုဖွင့်အရေးယူ ထားပြီး တရားခံဖမ်းဆီးရမိရေး ပူးပေါင်းအဖွဲ့ဖြင့် စုံစမ်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။