images
UN
UN
Grab နှင့် မြန်မာ့အာမခံတို့ပူးပေါင်း၍ မိတ်ဖက်ယာဉ်မောင်းများနှင့် ခရီးသည်များအတွက် တစ်ကိုယ်ရေထိခိုက်မှုအာမခံပေးအပ်သွားမည်
အေးချမ်းပိုပို Wednesday, 19 June 2019

အရှေ့တောင်အာရှ၏ ထိပ် တန်းOffline-to-Online (O2O) မိုဘိုင်းလ် ပလက်ဖောင်းတစ်ခုဖြစ် သည့် Grab သည်GrabTaxi၊ GrabThoneBane သို့မဟုတ်ွမဘေငြုန ခရီးစဉ်တစ်ခုအတွင်း ယာဉ်မတော်တဆမှု ဖြစ်ပွားပါက မိတ်ဖက်ယာဉ်မောင်းနှင့် ခရီးသည် များအားလုံး အကျိုးခံစားခွင့် ရရှိနိုင်မည့် ၄င်း၏ စုပေါင်းတစ် ကိုယ်ရေထိခိုက်မှုအာမခံ (PAI) အမျိုးအစားအတွက် မြန်မာနိုင်ငံ၏ ထိပ်တန်း နိုင်ငံတော်ပိုင် အာမခံ ကုမ္ပဏီဖြစ်သော မြန်မာ့အာမခံလုပ် ငန်းနှင့်ပူးပေါင်းထားပြီးဟုသိရသည်။
Grab သည် အက်ပလီကေး ရှင်းအသုံးပြုသူများထံမှ အခကြေး ငွေအပိုကောက်ခံခြင်းမရှိဘဲ အာမခံ ခံစားခွင့်ပေးအပ်ထားခြင်းဖြစ် ကြောင်း၊ Grab မှပေးအပ်ထား သော စုပေါင်းတစ်ကိုယ်ရေထိခိုက် မှု အာမခံ (PAI) မှာ တစ်ကိုယ်ရေ ထိခိုက်မှုများအားလုံးအတွက် အကျုံးဝင်မည်ဖြစ်ကြောင်း၊ မိတ် ဖက်ယာဉ်မောင်းကိုယ်တိုင်ဝယ် ယူထားသည့် အချို့သောတစ်ဦး ချင်းလုပ်ငန်းသုံး အာမခံပေါ်လစီ များသည် သူတစ်ပါးကြောင့် ဖြစ် ပွားသော ယာဉ်မတော်တဆမှုများ အတွက်သာ အာမခံရယူခံစားနိုင် မည်ဖြစ်ကြောင်း သိရသည်။
စုပေါင်းတစ်ကိုယ်ရေထိခိုက်မှု အာမခံပေါ်လစီသည် မိတ်ဖက် ယာဉ်မောင်းများနှင့် ခရီးသည်များ အတွက် ယာဉ်မတော်တဆမှု ဖြစ် ပွားရာ၌ သေဆုံးခြင်း၊ ကိုယ်လက် အင်္ဂါဆုံးရှုံးခြင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိခြင်းတို့အတွက် နစ်နာကြေး ပြန်လည်ပေးအပ်မည်ဖြစ်ပြီး အဆို ပါအာမခံတွင် ယာဉ်မောင်း သို့မ ဟုတ် ခရီးသည်တစ်ဦးလျှင် စုစု ပေါင်း တစ်ကိုယ်ရေထိခိုက်မှု အာမခံနစ်နာကြေး အမေရိကန် ဒေါ်လာ ၇၅ဝဝ အထိ ရရှိနိုင်ပြီး မြန်မာနိုင်ငံတွင်း ထိခိုက်ဒဏ်ရာ ရရှိမှုများအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ဝ သန်း အထိ ပေးသွင်းထားပြီး နစ်နာကြေး ပမာဏကို ယာဉ်မတော်တဆမှု ဖြစ်စဉ်တစ်ခုချင်းစီအလိုက် မြန်မာ့ အာမခံလုပ်ငန်းမှ အခြေအနေ အရပ် ရပ်ကို အကဲဖြတ်ပြီး သတ်မှတ် ပေးမည်ဖြစ်ကြောင်း သိရသည်။
Grab ခရီးစဉ်တစ်ခုအတွင်း ယာဉ်မတော်တဆမှု တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက မိတ်ဖက်ယာဉ် မောင်းများနှင့် ခရီးသည်များကို Grab ၏ 24/7 hotline ဖုန်းနံပါတ် နှင့် နီးစပ်ရာရဲစခန်းသို့ ချက်ချင်း ဆက်သွယ်အကြောင်းကြားပေး ပါရန်အကြံပြုလိုပါသည်။ Grab က နစ်နာကြေးလျှောက်ထားသူ များအတွက် အာမခံနစ်နာကြေး လျှောက်ထားသည့်လုပ်ငန်းစဉ်တွင် အောက်ပါအတိုင်းကူညီဆောင်ရွက် ပေးမည်ဖြစ်ပြီးလိုအပ်သည့်စာရွက် စာတမ်းများဖြစ်သော လျှောက် လွှာ၊ ဆေးမှတ်တမ်း၊ ဆေးရုံဆေး ပေးခန်းတွင် စုစုပေါင်းကျသင့်ငွေ ပြေစာမူရင်း၊ ဆေးစစ်ချက်အဖြေ များ (ရှိခဲ့ပါက)၊ ရဲစစ်ချက်ယာဉ် တိုက်မှုဖြစ်စဉ်စစ်ချက်နှင့် Grab အသုံးပြု၍ငှားရမ်းသည့်အထောက် အထားစသည့်တို့ကို စုစည်းပေး မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စာရွက်စာတမ်းများ ကို မြန်မာ့အာမခံလုပ်ငန်းနှင့် Chubb တို့မှ စစ်ဆေးအတည်ပြု ပြီး နစ်နာကြေးတောင်းခံနိုင်ရန် ပေးပို့ပေးမည်ဖြစ်ပြီး နစ်နာကြေး ပမာဏအတည်ပြုပြီးပါက အဆို ပါ ငွေကြေးပမာဏကို Grab Myanmar မှ နစ်နာသူသို့ ထုတ် ပေးသွားမည်ဖြစ်သည်။