images
UN
UN
သွေးလွန်တုပ်ကွေးရော၈ါကြောင့် သေဆုံးမှုနှုန်းအမြင့်ဆုံးဒေသမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်
NG Wednesday, 19 June 2019

၂ဝ၁၉ ခုနှစ် ဇန်နဝါရီလမှ ယခုလလယ်ပိုင်းအထိ မြန်မာတစ် နိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ သုံးထောင် ကျော်ရှိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သတင်းထုတ်ပြန် သည်။
ခြောက်လတာကာလအတွင်း မြန်မာတစ်နိုင်ငံလုံးတွင် သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားသူ ၃၁၄၄ ဦးရှိခဲ့ပြီး သေဆုံးသူ ၁၂ဦးရှိခဲ့ သည်။ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူများထဲတွင် ရန်ကုန် တိုင်းဒေသကြီးအတွင်း၌ ရောဂါ ဖြစ်ပွားသူ ၇၃၄ဦးရှိခဲ့ခြင်းကြောင့် တစ်နိုင်ငံလုံးတွင် သွေးလွန်တုပ် ကွေးရောဂါဖြစ်ပွားမှုနှုန်း အမြင့် ဆုံးဒေသဖြစ်ခဲ့သည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ သွေးလွန်တုပ် ကွေးရောဂါဖြစ်ပွားမှုကြောင့် သေ ဆုံးသူဦးရေမှာ ရှစ်ဦးအထိရှိခဲ့ ခြင်းကြောင့် တစ်နိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးမှုနှုန်း အမြင့်ဆုံးဒေသ အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ ၂ဝ၁၈ ခုနှစ်အတွင်း၌ ခြင်ကြောင့် ဖြစ်ပွားသည့်ရောဂါများကြောင့် သေဆုံးသူဦးရေမှာ ၁၈၇ ဦးအထိ ရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ သေဆုံးသူ ၂၅ဦးရှိခဲ့ သည်။ သွေးလွန်တုပ်ကွေးရောဂါ သည် ခြင်ကြောင့်ဖြစ်သည့်ရောဂါ များထဲ၌ အဖြစ်အများဆုံးရောဂါ ဖြစ်ကာ မြန်မာနိုင်ငံတွင် ဇွန်၊ ဇူ လိုင်နှင့်သြဂုတ်လများတွင် ရောဂါ ဖြစ်ပွားမှုနှုန်း အမြင့်ဆုံးသို့ရောက်ရှိ လာလေ့ရှိသည်။