images
UN
UN
မြန်မာနိုင်ငံမှာ မိဘမဲ့ကလေးတွေ ဒုက္ခရောက်နေတဲ့ကလေးတွေ အများကြီးရှိတယ် မွေးစားလိုက်မယ်ဆိုရင် တခြားဟာလေးတွေ မွေးစားစရာမလိုပါဘူး
သတင်းအဖွဲ့ Wednesday, 19 June 2019

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ပါဒကြီးကျေးရွာရှိ ပါဒကြီးငါးထပ်ကြီးဘုရားတန်ဆောင်းတွင် ယခုလ ၁၇ ရက် နံနက် ၉ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ကျောက်တန်းမြို့နယ်ပါတီဝင်များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲတွင် တက်ရောက်လာသည့် ဒေသခံပြည်သူများအား မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားမှုများကို ဖော်ပြလိုက်ပါသည်။
* ဒီနေ့တွေ့ဆုံပွဲကို တက်ဖြစ်တဲ့ ရည် ရွယ်ချက်က ဘာဖြစ်မလဲ။
ပါတီဥက္ကဋ္ဌကြီးနဲ့ တွေ့ဆုံပွဲဆိုတဲ့ အခါကျတော့ ကျွန်တော်တို့ ပြည်သူ အတွက် ကျွန်တော်တို့ တောင်သူလယ် သမားတွေအတွက် ဘာတွေများ ထူးခြား မလဲ။ ဘာတွေများ သိရမလဲဆိုတဲ့ အတွေးနဲ့ လာခဲ့တာဖြစ်ပါတယ်။
* ဒီနေ့ပွဲမှာ ဥက္ကဋ္ဌကြီးကို တိုက်ရိုက် သိချင်တာတွေ မေးမြန်းတင်ပြခွင့် ရတဲ့အပေါ် ဘယ်လိုခံစားရလဲ။
ဒီကနေ့ ဆွေးနွေးတဲ့အပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ ကျောက် တန်းမြို့နယ်က လုပ်သားပြည်သူတွေ၊ တောင်သူလယ်သမားတွေရဲ့ လူနေမှုဘဝ ခံစားချက်တွေကို ဥက္ကဋ္ဌကြီးကို တင်ပြ ကြတာတွေ့ရတဲ့အခါကျတော့ အင်မတန် မှ ဝမ်းသာအားရဖြစ်ရပါတယ်။ ဥက္ကဋ္ဌ ကြီးဖြေကြားတာကလည်း ဒါ အင်မတန် မှ ကျွန်တော်တို့အတွက် ရှေ့လာမယ့် အနာဂတ်အတွက်ကို ကျွန်တော်တို့ အတွက် အားတစ်ခုလို မြင်မိပါတယ်။ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေ နိုင်ငံသားခြားတွေကို မွေးစားခွင့်နဲ့ ပတ် သက်လို့ ကျွန်တော်တို့ကလည်း တော် တော်လေး စိတ်မကောင်း ဖြစ်ရတယ်။ ဝမ်းနည်းမှု ဖြစ်ရတယ်။
* လက်ရှိမှာ လယ်သမားတွေအနေနဲ့ စိုက်ပျိုးရောင်းချမှု အခြေအနေ ဘယ် လိုရှိလဲ။ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကို ရော ဘာတွေတင်ပြခွင့်ရလဲ။ ဥက္ကဋ္ဌ ကရော ဘာတွေများ ကူညီဆောင် ရွက်ပေးမယ်လို့ ပြောလဲ။
နောက်တစ်ခါ လယ်သမားတွေ အခု ကြုံတွေ့နေရတဲ့ ဒုက္ခက လုပ်သားရှားပါး တယ်။ နောက်တစ်ခုက ဓာတ်မြေသြဇာ ဈေးတွေကြီးတယ်။ စပါးဈေးက ရောင်း လို့မရဘူး။ တော်တော် ခံစားနေရတယ်။ ဒီလို လာတွေ့တဲ့အခါမှာ ကျွန်တော်တို့ လုပ်သားပြည်သူတွေအနေနဲ့ ပြည်ခိုင်ဖြိုး ပါတီအနေနဲ့ ကျွန်တော်တို့အပေါ်မှာ ဘယ်လိုများ ကူညီဆောင်ရွက်ပေးနိုင်တဲ့ ဟာတွေကို ကျွန်တော်တို့အနေနဲ့ သိရှိ ခဲ့ရတာပေါ့ဗျာ။ ဈေးနှုန်းကြီးမြင့်နေတာ တွေ အလုပ်အကိုင် ရှားပါးနေတာတွေ ဟာ တော်တော်လေး ဒုက္ခရောက်တဲ့ဟာ တွေကိုတင်ပြခွင့်ရတယ်။ သူတို့ကလည်း ဆောင်ရွက်ပေးနိုင်သမျှ အားလုံးကို ဆောင်ရွက်ပေးမယ်လို့ဖြေသွားတဲ့အတွက် ကျွန်တော်တို့ ဒီပွဲကို လာရတဲ့အတွက် များစွာ အကျိုးကျေးဇူးရှိပါတယ်။
* အခုလိုပါတီက ဥက္ကဋ္ဌ အပါအဝင် တာဝန်ရှိသူတွေအပေါ် တင်ပြခဲ့တာ တွေကို ပြန်လည် ဖြေကြားပေးတဲ့ အပေါ်မှာ ကျေနပ်အားရမှုရှိလား။
အခုသိလိုတဲ့ မေးခွန်းကိုလည်း မေး တယ်။ သူတို့ကလည်း ယခင်အစိုးရ လက်ထက်မှာ သက်ဆိုင်ရာ ဝန်ကြီးဌာန တွေမှာ လုပ်ခဲ့တဲ့အတွက် တိတိကျကျနဲ့ ပုဒ်မတွေနဲ့ ဖြေသွားတဲ့အခါကျတော့ ကျွန်တော်တို့ ဗဟုသုတနည်းတဲ့ ကျွန် တော်တို့ အသိအားနည်းတဲ့ ပြည်သူတွေ အားလုံး သိသွားတာပေါ့ဗျာ။ ကိုယ့်နိုင်ငံ အတွက် ကိုယ့်လူမျိုးအတွက် စိုးရိမ် ကြောင့်ကြမှုတွေဖြစ်ရတယ်။ ကိုယ့်လယ် သမားတွေအတွက်က သူတို့ အားပေး စကားတွေ ပြောသွားတယ်။ သူတို့များ တကယ်လို့ တစ်ချိန်မှာ တာဝန်ပြန်ပေး လာခဲ့ရင် သူတို့ ဘယ်လိုဆောင်ရွက်ပေး မလဲဆိုတာတွေ ကျွန်တော်တို့အတွက် ကျွန်တော့်အနေနဲ့ရော ကျွန်တော်တို့ မြို့နယ်အတွက်ရော တကယ်ကိုမှ အားရှိ စေပါတယ်။
* လက်ရှိအမျိုးသားရေးနဲ့ ပတ်သက်လို့ ဘယ်လိုများ မြင်လဲ။
လက်ရှိ အမျိုးသားရေးကတော့ဗျာ ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေက မေးတဲ့ ညီလေးတို့လည်း သိပါတယ်။ ယခင့်ယခင်က လုပ်ခဲ့တဲ့သူတွေလည်း နိုင်ငံကောင်းကျိုးအတွက် လုပ်ခဲ့ကြတာ ပဲ။ သို့သော်လည်း ယခု ယခု ဖြစ်နေတဲ့ အဖြစ်အပျက်တွေအားလုံးဟာ ကျွန်တော် တို့ တိုင်းပြည်အတွက် အင်မတန်မှ အန္တရာယ်ကြီးတယ်ဆိုတဲ့ဟာတော့ မြင် တွေ့နေရပြီမဟုတ်ဘူးလား။ ၈၂ နိုင်ငံ သား ဥပဒေ ရှိပြီးသား။ ရှိပြီးသားကို လည်း ထပ်ပြီးတော့မှ လွယ်လွယ်ကူကူ မှတ်ပုံတင်ပေးဖို့ဆိုတာ နိုင်ငံသားပေးဖို့ ဆိုတာ မလွယ်ပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မိဘမဲ့ကလေးတွေ ဒုက္ခ ရောက်နေတဲ့ ကလေးတွေ အများကြီး ရှိတယ်။ မွေးစားလိုက်မယ်ဆိုရင် တခြား ဟာလေးတွေ မွေးစားစရာ မလိုပါဘူး။
နောက်တစ်ခု ကျွန်တော်တို့ ရွှေ့ပြောင်း အလုပ်သမားကိစ္စ ရွှေ့ပြောင်း အလုပ် သမားကိစ္စဆိုတာ ဘယ်နိုင်ငံမှန်းမသိတဲ့ လူကို ကိုယ့်နိုင်ငံမှာ လာပြီးတော့ လက်ခံရမယ်ဆိုတာတော့ဗျာ ညီလေး ဆီကို ညီလေးနဲ့မသိတဲ့ ညအိပ်ဧည့် သည်ကို လက်ခံမလားဆိုရင် ညီလေး ဘယ်လို စဉ်းစားမလဲ။ ဒါလေးတွေတော့ ပိုသိရတာပေါ့။ ပိုလည်းမျှော်လင့်နေ တယ်။ ဒီဥပဒေကိုလည်း အမှန်တကယ် တော့ ဒါဟာ နိုင်ငံတော်အတွက် အန္တရာယ်ကြီးတယ်လို့ မြင်ပါတယ်။
* နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြီး ဘာများပြောချင်ပါလဲ။
ဒါကတော့ ပွင့်ပွင့်လင်းလင်း ပြောရ ရင်တော့ တစ်နေရာ တစ်နေရာသွားဖို့ ဆိုတာ သွားလာဖို့ ခက်ခဲတယ်။ အခု တက်လာတာ ကျွန်တော်တို့ ကျောက် တန်းမြို့နယ်က ကျေးရွာပေါင်း ၅၈ အုပ်စု ရှိတယ်။ ကျေးရွာ ၇ဝ က လူတွေ လာကြတာ။ ဒီကို ၉ နာရီရောက်ဖို့ဆိုတာ တစ်ချို့နေရာတွေက ၃ နာရီက ထလာ ကြရတာ။ အဲဒီတော့ ကျွန်တော်တို့ မသိ တာတွေ သိရတဲ့အတွက် အများကြီး အကျိုးကျေးဇူးရှိတယ်။ ပြန်ပြီးတော့မှ ဆင့်ကဲဆင့်ကဲ ကျွန်တော်တို့ သာရေး နာရေးတွေမှာ ပြောကြမယ်ဆိုလို့ရှိရင် မသိတဲ့လူတွေ သိသွားတာပေါ့ဗျာ။သိသွားတဲ့အခါကျတော့ ကျွန်တော်တို့ တကယ့်အမှား အမှန်ကို ဝေဖန်ပိုင်းခြား သွားနိုင်တာပေါ့။ ဒီအကျိုးကျေးဇူးတွေ ရတာပေါ့။

* ဒီပွဲလာဖြစ်တဲ့ အကြောင်းအရင်း ပြောပြပေးပါ။
ပြည်ခိုင်ဖြိုးပါတီနဲ့ ပတ်သက်လို့ အကျိုးအကြောင်း အားလုံး သိချင်လို့ ပေါ့။ ပါတီရဲ့စေတနာ ပါတီရဲ့ဟောပြော ချက်ပေါ့။ တို့က ပြည်သူတွေဆိုတော့ လာတဲ့ပါတီတွေ ပြောတဲ့ စကားနား ထောင်ရမယ်လေ။ နားထောင်ပြီးတော့ မှန်တဲ့ပါတီကို အားပေးရမှာပေါ့။ လုပ် ဆောင်ချက်မှန်ကန်တဲ့ ပါတီကို အားပေး ရမှာပေါ့။ အဲဒီသဘောနဲ့ လာကြည့်တာ ပေါ့။ ဗဟုသုတ အနေနဲ့။
* အခု ဒီပွဲကိုတက်တော့ ဒီပွဲမှာ ပါတီ ဥက္ကဋ္ဌက ပြည်သူတွေရဲ့ မေးမြန်း တာတွေကို ဖြေသွားတဲ့အပေါ်မှာ ဘာများပြောချင်လဲ။
သူတို့ကတော့ ပြည်သူတွေကို ဦးစား ပေးပြီး ပြည်သူတွေအတွက် ဟောပြော သွားတာပါ။ ဒီလိုပဲ မြင်ပါတယ်။ သူတို့ ကိုယ်ကျိုးအတွက် ဘာမှမပါပါဘူး။ပြည် သူအတွက် ဦးစားပေးပြီးတော့ ဟောပြော သွားတာပါ။ အဲဒီလိုပဲ မြင်ပါတယ်။
* ပြည်သူလူထုက ဥက္ကဋ္ဌအပေါ်တင်ပြ ချက်တွေကို ဘယ်လိုမြင်လဲ။
အလုပ်သမားအရေးတွေရော နိုင်ငံ သားအရေးတွေရော တင်ပြသွားကြ တယ်။ ဒါကလည်း ပြည်သူလူထုရဲ့ လိုအပ်ချက်ပေါ့လေ။ ဒါကလည်း လိုအပ် ချက်ကို ပြည်သူကြားက သိတဲ့သူတွေက တင်ပြအဆိုတင်သွင်းတာပေါ့။ ဒီလိုပဲ မြင်ပါတယ်။
* ဒီလို ပြည်သူက တင်ပြမှုအပေါ် ပြည်ခိုင်ဖြိုးပါတီက ဖြေရှင်းချက်တွေ အပေါ်ရော အားရကျေနပ်မှုရှိလား။
အားရကျေနပ်မှုရှိပါတယ်။ ပြောသွား တဲ့ ပါတီဥက္ကဋ္ဌကြီးရဲ့ နောက်ပိုင်း ရှင်း လင်းချက်တွေကို အားလုံး သဘောကျပါ တယ်။ သူ ရှင်းလင်းတာတွေရော။ သူ တင်ပြသွားတာတွေရောပေါ့။ ဒါ မကောင်းတာတွေ မဟုတ်ပါဘူး။ ပြည် သူလူထုအတွက် တကယ် အားလုံးအားရ နှစ်သက်ပါတယ်။
* ပြည်သူတစ်ဦးအနေနဲ့ ပြည်ခိုင်ဖြိုး ပါတီကို ဘာတွေလုပ်ပေးစေချင်လဲ။
အစ်ကိုကြီးကတော့ ပြောလို့ မရဘူး လေ။ သူတို့က သူတို့လုပ်ဆောင်မယ့် လုပ်ငန်းကို သူတို့က ဦးဆောင်နေတာ ဆိုတော့ သူတို့ သိပါတယ်။ အစ်ကိုကြီး တို့က နောက်က မှန်တာကို အားပေးဖို့ ပါပဲ။
* လက်ရှိ ပြည်သူတစ်ဦးအနေနဲ့ ပြည် သူတွေရဲ့အခက်အခဲတွေက ဘာတွေ ဖြစ်မလဲ။
အဓိက အရေးကြီးတာကတော့ နိုင်ငံ ခေါင်းဆောင် အကြီးအကဲတွေက နိုင်ငံ အတွက် အကျိုးပြုမယ့် နိုင်ငံအတွက် ကောင်းစားမယ့် ပြည်သူလူထု ကောင်း စားမယ့် ကိစ္စတွေကို လုပ်ဆောင်ပေးမယ့် ပါတီရယ် ပါတီခေါင်းဆောင်တွေရယ် လိုအပ်ပါတယ်။ ဒါပါပဲ။