images
UN
UN
ပီအက်စ်ဂျီမှထွက်ခွာချင်သည်ဟု တိုက်စစ်မှူးနေမာပြော ဘာစီလိုနာသို့ပြန်ရန်နေမာကဆန္ဒရှိနေသော်လည်း ရီးရဲလ်မက်ဒရစ်၏ကမ်းလှမ်းမှုကို ပီအက်စ်ဂျီလက်ခံဖွယ်ရှိ
Wednesday, 19 June 2019

ပီအက်စ်ဂျီတိုက်စစ်မှူးနေမာ က အသင်းမှထွက်ခွာလိုသည်ဟု ပြောကြားလိုက်ပြီး ဘာစီလိုနာမှ မထွက်ခွာသင့်ခဲ့ဟုလည်း ဖွင့်ဟခဲ့ သည်။ နေမာသည် ၂ဝ၁၇ ခုနှစ် တွင် ဘာစီလိုနာမှပီအက်စ်ဂျီသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၉၈ သန်းဖြင့်ပြောင်းရွှေ့ ခဲ့သူဖြစ်သည်။ သို့သော် နှစ်ရာသီ ပါဝင်ကစားပြီးချိန်တွင် အသင်းနှင့် ¤င်းကြား အဆင်မပြေမှုများရှိလာခဲ့ သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပီအက်စ်ဂျီအသင်းပိုင်ရှင်ကအသင်း တွင် ပရော်ဖက်ရှင်နယ်မဆန်ဘဲ အပျော်သဘောဖြင့် နေထိုင်နေကြ သူများအတွက် နေရာမရှိတော့ဟု ပြောကြားခဲ့သည့်အပြင် နေမာကို အသင်းသို့ ပြောင်းလာရန်အတွက် မည်သူကမှ ဖိအားပေးခဲ့ခြင်းမရှိ ဆိုသော ပြောကြားမှုများထွက်ပေါ် လာခဲ့သည်။
ထို့ကြောင့် နေမာက ပြန်လည် တုံ့ပြန်မှုပြုလုပ်လိုက်ခြင်းလည်းဖြစ် သည်။ ''ကျွန်တော်ဒီမှာ ဆက်ပြီး မနေချင်တော့ပါဘူး။ ဘာစီလိုနာ မှာရှိတဲ့ကျွန်တော့်ရဲ့ အိမ်ကိုပဲပြန် ချင်နေပါတယ်။ အဲဒီနေရာက ကျွန်တော်ဘယ်တော့မှ မထွက်ခွာ သင့်ခဲ့တဲ့နေရာဖြစ်ပါတယ်''ဟု နေမာပြောကြားခဲ့ကြောင်းMundo Deportivo သတင်းဌာနကဖော်ပြ ခဲ့သည်။
သို့သော် ပီအက်စ်ဂျီအသင်း သည်ရီးရဲလ်မက်ဒရစ်၏ကမ်းလှမ်း မှုကို လက်ခံဖွယ်ရှိနေသောကြောင့် နေမာသည်ဘာစီလိုနာနှင့်ပြိုင်ဘက် အဖြစ်ပြန်လည်တွေ့ဆုံရဖွယ်လည်း ရှိနေသည်။ ပီအက်စ်ဂျီအသင်းက နေမာအား ပေါင် ၁၉၆ သန်းဖြင့် ကမ်းလှမ်းမှုရှိလာပါက လက်ခံရန် စဉ်းစားပြီးဖြစ်သည်။ ရီးရဲလ်မက် ဒရစ်သည် နေမာအားကမ်းလှမ်းရာ ၌ ကွင်းလယ်လူကက်ဆီမီယိုကို စာချုပ်အစိတ်အပိုင်းအဖြစ် ထည့် သွင်းကမ်းလှမ်းဖွယ်ရှိသည်။ပီအက်စ် ဂျီသည်မော့တာ၏နေရာတွင် ကက် ဆီမီယိုကိုအစားထိုးနိုင်၍ ရီးရဲလ် ၏ကမ်းလှမ်းမှုကိုလက်ခံဖွယ်ရှိနေ ခြင်းဖြစ်သည်။ Ref ;Dailymail