images
UN
UN
ဟိုခေတ်က သတင်းစာများသည် သမိုင်းကိုပြောပြနိုင်ခဲ့ကြသည် သတင်းပရိသတ်ဖြစ်သော ပြည်သူနှင့် သတင်းအပေါ် သတင်းသစ္စာရှိနိုင်ခဲ့ကြသည်
တက္ကသိုလ်မြတ်သူ Wednesday, 19 June 2019
(ယမန်နေ့မှအဆက်)
မြန်မာနိုင်ငံသည် လွတ်လပ်ရေးမရမီက ပင် ဗိုလ်ချုပ်အောင်ဆန်းချမှတ်ပေးသွား သော နိုင်ငံခြားဆက်ဆံရေး၌ လက်ဝဲအုပ် စု၊ လက်ယာအုပ်စု မည်သည့်ဘက်မှ မလိုက်ဘဲ တည့်မတ်စွာကြားနေကာ ကိုယ့် နိုင်ငံထူထောင်ရေးအတွက် ကြိုးပမ်းရေးမူ ကို ယနေ့ (၂ဝဝ၈အခြေခံဥပဒေ) အထိ တိကျစွာလိုက်နာခဲ့သည်။ ထိုစဉ်က ကမ္ဘာ တစ်ခုလုံး အငြိမ်မနေရအောင် အနောက် လက်ယာအရင်းရှင်(နယ်ချဲ့)အုပ်စုနှင့် အရှေ့ လက်ဝဲဆိုရှယ်လစ်၊ကွန်မြူနစ်(ဝါဒချဲ့)အုပ် စုတို့ လက်နက်မကိုင်ဘဲပါးစပ်ဖြင့် ဝါဒချင်း အလဲထိုးသော စစ်အေးတိုက်ပွဲ(လေတိုက်ပွဲ) ဆင်နွှဲနေကြသဖြင့် လွတ်လပ်ရေးပြန်ရသော အာရှ-အာဖရိကနိုင်ငံ ၁၂ဝက ဘက်မလိုက် (ကြားနေရေး)မူဝါဒ ချမှတ်ကျင့်သုံးနေချိန် ဖြစ်ပေသည်။
စာရေးဆရာလောက၊ သတင်းစာဆရာ လောကတွင်လည်း နိုင်ငံရေးအကွဲအပြဲဇာတ် က မြိုင်မြိုင်ဆိုင်ဆိုင် ကပြနေကြပေသည်။ လက်ဝဲကဗကပအလံဖြူအုပ်စု၊အလံနီအုပ်စု၊ ဆိုရှယ်နီအုပ်စု၊ တရုတ်လိုင်း၊ ဆိုဗီယက် လိုင်း၊ဆိုဗီယက်လိုင်းမှာပင် စတာလင်ဂိုဏ်း၊ ခရုရှက်ပ်ဂိုဏ်းကွဲနေကြသည်။ လက်ယာ တွင်လည်း အင်္ဂလိပ်လိုလားသောအုပ်စု၊ အမေရိကန်လိုလားသောအုပ်စုစသည်ဖြင့် ကွဲကြသေးသည်။ စာပေတွင် လက်ဝဲအုပ်စု က ပြည်သူ့စာပေ၊ ပစ္စည်းမဲ့တော်လှန်ရေး စသည်ဖြင့် ကြွေးကြော်ကြသည်။ လက်ယာ အုပ်စုက ဒီမိုကရေစီစာပေသည် စာပေ အတွက် Art for Art's sake ၊ စာပေ လွတ်လပ်ခွင့်ဟု ကြွေးကြော်သည်။ စာနယ် ဇင်းနယ်တွင်လည်း သတင်းစာလွတ်လပ် ခွင့်၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်ဝါဒီဆန့် ကျင်ရေး စသည်တို့အော်ကြသည်။ ဖဆ ပလအစိုးရကို လက်ဝဲကလောင်များက တိုင်းရင်းသားဓနရှင်၊ မြေရှင်ကိုယ်စားပြု အစိုးရ၊ ဖဆ-ဆိုရှယ်အစိုးရ၊ ဖောက်ပြန် ရေးအစိုးရဟုဆိုကာ တိုက်သည်။ တော်လှန် ရေးကောင်စီလမ်းစဉ်ပါတီ အစိုးရတို့ကို လက်ဝဲစာနယ်ဇင်းတို့က စစ်ဝါဒီအစိုးရ၊ တစ်ပါတီအာဏာရှင်အစိုးရဟု ဆိုကြသည်။ လက်ယာကလောင်များကလည်း ပြည်သူကို မွဲစေသည့် ဆိုရှယ်လစ်ဝါဒ၊ တစ်ပါတီ အာဏာရှင် ဒီမိုကရေစီ ဆိတ်သုဉ်းသော အစိုးရစသည်ဖြင့်ပုတ်ခတ်ခဲ့ကြသည်။
ကျွန်တော်တို့ ရိုးရိုးသားသားသတင်း သမားများသည် လက်ဝဲသမားသွေးဆောင် ရာ၊ လက်ယာသမားဖြားယောင်းသိမ်းသွင်း ရာမှ လွတ်အောင်ရှောင်ကြသည်။ ယနေ့ကဲ့ သို့ဒေါ်လာပုံပေးပေး၊ ကျပ်ငွေပဲပုံပေးပေး မက်လောက်အောင်ရလျှင်ကိုယ့်နိုင်ငံ ဘာဖြစ် သွားသွား၊ ဘာရေးပေးရမလဲရေးမယ်။ တပ်မတော်နဲ့ပြည်ခိုင်ဖြိုးချရမလားစိတ်ချ။ လက်သံပြောင်ရမယ်ဆိုတာမျိုးတွေ့နေရသည်။ ကျွန်တော်တို့ခေတ်က ကာလာအရောင်ရှိ သော ပြည်တွင်းပြည်ပဝါဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ နိုင်ငံစွဲ၊ ပါတီဂိုဏ်းဂဏစွဲရှိသူများကို ကျွန်တော်နာမည်နာမဖြင့် ရေးခဲ့ဖူးပါသည်။ ယခုဆောင်းပါးတွင် ထိုပုဂ္ဂိုလ်အမည်နာမ များတပ်၍ မရေးတော့ပါ။ ကွယ်လွန်သူ တို့လည်း ကွယ်လွန်ကုန်ပါပြီ။ စစ်အေး တိုက်ပွဲဆိုသည်မှာ အမေရိကန်ဦးဆောင် သောလက်ယာအရင်းရှင်(နယ်ချဲ့)နိုင်ငံများ၏ အနောက်အုပ်စုနှင့် ဆိုဗီယက်ဦးဆောင်သော လက်ဝဲဆိုရှယ်လစ်(ကွန်မြူနစ်-ဝါဒချဲ့)နိုင် ငံများ၏ အရှေ့အုပ်စုတို့၏တိုက်ပွဲများ ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် အိန္ဒိယ ဝန်ကြီးချုပ်ဂျဝါဟလာနေရူးနှင့် တွေ့ဆုံရာ၌ မိမိတို့နိုင်ငံများသည် လွတ်လပ်ရေးပြန်ရ လျှင် ကိုလိုနီကျွန်ဘဝတစ်လျှောက်ခံရသော နယ်ချဲ့တို့ဒဏ်၊ ကမ္ဘာ့စစ်ပွဲကြီးနှစ်ပွဲဒဏ်၊ ကမ္ဘာ့စီးပွားပျက်ကပ်ကြီးများဒဏ်ကြောင့် ချွတ်ခြုံကျနေခဲ့သည်ကို ပြန်လည်ထူထောင် ရန် အဓိကထားလုပ်ကြမည်။ စစ်အေး တိုက်ပွဲတွင် မည်သည့်ဘက်မှဝင်မပါဟု သဘောတူခဲ့ကြသည်။ အင်ဒိုနီးရှား လွတ် လပ်ရေးခေါင်းဆောင် သမ္မတဆူကာနို၊ သီရိလင်္ကာမှ မစ္စစ်ဘန်ဒရာနာယကေးတို့ ကလည်း သဘောတူကြသဖြင့် အာရှ အာဖရိကနိုင်ငံများ၏ နယူးဒေလီ၊ ကွန်ဖရင့် ထိုမှတစ်ဖန် အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်း မြို့ညီလာခံတို့ကို ဆက်လက်ကျင်းပကာ ဘက်မလိုက်နိုင်ငံခြားရေးဝါဒကို နိုင်ငံ ၁၂ဝ ကပါ လက်ခံလာခဲ့သည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရသည်နှင့် တည့်မတ်၍တိကျသော ကြားနေရေးဝါဒကို ဖဆပလအစိုးရက ကြေညာကျင့်သုံးသည်။ တပ်မတော်အိမ်စောင့်အစိုးရ(၁၉၅၈-၁၉၆ဝ) တော်လှန်ရေးကောင်စီ(၁၉၆၂-၁၉၇၄)၊ မြန် မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ(၁၉၇၄- ၁၉၈၈)၊ တပ်မတော်အစိုးရ(၁၉၈၈-၂ဝ၁ဝ)၊ ပြည်ခိုင်ဖြိုးပါတီအာဏာရသမ္မတ ဦးသိန်း စိန်အစိုးရ(၂ဝ၁ဝ-၂ဝ၁၅)တို့က ဘက်မ လိုက်ဝါဒ၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင် ရေးမူကြီး(၅)ရပ်တို့ကို လိုက်နာကျင့်သုံး ခဲ့သည်။ ကြားနေရေး၊ ဘက်မလိုက်စသည့် စကားလုံးများထက် အဓိပ္ပာယ်ပိုမိုပြည့်ဝ လေးနက်သော 'လွတ်လပ်၍တက်ကြွသော နိုင်ငံခြားရေးမူဝါဒ'ဟူသော အသုံးအနှုန်းကို ၁၉၇၁ခုနှစ်မှစ၍ မြန်မာတို့ကျင့်သုံးခဲ့သည်။ မြန်မာအစိုးရအဆက်ဆက်က ဘက်မလိုက် နိုင်ငံခြားရေးဝါဒ(လွတ်လပ်၍တက်ြ<ွကသောနိုင်ငံ ခြားရေးမူဝါဒ)ကို တိကျတည့်မတ်စွာ

ကျင့် သုံးသော်လည်း ဥပဒေတွင်း၊ ဥပဒေပတို့၌ လက်ဝဲ လက်ယာမြန်မာစာပေ၊ စာနယ်ဇင်း၊ တေးဂီတ၊ ပန်းချီပန်းပု၊ ရုပ်ရှင်သဘင် စသည့်အနုပညာလောက၌မူ လက်ဝဲ လက် ယာသူငယ်နာ၊ဒီမိုကရေစီ ထိပ်ကပ်နာ၊ လစ် ဘရယ်ဗိုင်းရပ်စ်ရောဂါပိုးများ တွယ်ကပ်သူ များရှိနေခဲ့သည်။တောထဲမှသောင်းကျန်းသူ အဖွဲ့၊ မြေပေါ်မှယင်းတို့၏ ကိုယ်စားလှယ် သံစည်းမစောင့်သော သံတမန်ဆိုးတို့၏ စေညွှန်မှုဖြင့် ဆူပွဲပူပွဲများက မကြာခဏ ဖြစ်ပေါ်၏။ အစိုးရက ထိုဆူပူမှုကိုနှိမ်လျှင် အစိုးရကအဆိုး၊ စစ်အာဏာရှင်၊ ဖက်ဆစ် ဟု စွပ်စွဲ၊ လွှတ်ပေးပြန်တော့ ရှစ်လေးလုံး ကဲ့သို့ ဒီမိုကရေစီခေါင်းဖြတ်ပွဲအထိ ဆန့် ထုတ်သွားကြတော့သည်။
တပ်မတော်အိမ်စောင့်အစိုးလက်ထက် လက်ယာအနောက်မျှော် စာနယ်ဇင်းများက ဘက်လိုက်ပြီး စစ်အေးတိုက်ပွဲတွင် အမေ ရိကန်ကိုအားပေး၊ ဆိုဗီယက်ကို ဆန့်ကျင် သော ကိစ္စနှစ်ရပ်ဖြစ်ပေါ်ခဲ့သည်။ ရန်ကုန်ရှိ သံရုံးများတွင် လျှို့ဝှက်ထောက်လှမ်းခြေရှုပ် ရေးအဖွဲ့များက သံတမန်အရေခြုံ၍ ရှိနေ ကြသည်။ သံတမန်အရေခြုံထားသဖြင့် ၄င်း တို့ကို စုံစမ်းစစ်ဆေး ဖမ်းဆီး၍မရပေ။ သူ တို့သည် ဂျီနီဗာကွန်ဗင်းရှင်းအရ သံတမန် ကင်းလွတ်ခွင့်ရနေသည်။ အမေရိကန်သံရုံး တွင် (CIA) စီအိုင်အေအဖွဲ့၊ အင်္ဂလိပ်သံရုံး (ဗြိတိသျှကောင်စီရုံး)တွင်MI-6၊ ဆိုဗီယက် (ရုရှား)သံရုံးတွင် (KGB) ကေဂျီဘီ၊ ထိုစဉ် က အရှေ့ဂျာမနီ GDR သံရုံးတွင် စတာစီ၊ အစ္စရေးသံရုံးတွင် မော့ဆက်စသည် စသည် ဖြင့် ခြုံခိုလှုပ်ရှားနေကြသည်။ အခြားသံရုံး များတွင်လည်း အလားတူရှိနေကြပေသည်။
၁၉၅၉ ခုနှစ် ဧပြီလကုန်ရက်နှင့် မေလ ဆန်းတွင် ဆိုဗီယက်သံရုံးမှ စစ်သံမှူး ဗိုလ်မှူးကြီး မိခေးလ်အိုင်စထရိုင်ဂျင်သည် သံရုံးမှ ထွက်ပြေးကြောင်း ခေတ်သစ္စာ သတင်းထောက်က သတင်းယူလာသည်။ ကျွန်တော်က ခေတ်သစ္စာတွင် သတင်း တာဝန်ခံ အယ်ဒီတာဖြစ်သည်။ စထရိုင်ဂျင် သည် ဆိုဗီယက်သံရုံးမှ အမေရိကန်သို့ ဘက်ပြောင်းခိုလှုံရန် ထွက်ပြေးခြင်းဖြစ် သည်။ ထိုသတင်းအစအနကို ဖြန့်ချိလိုက် သည်မှာ ဦးလောရုံ (CIA) ၏နေးရှင်း သတင်းစာတိုက်မှ ဖြစ်သည်။ ကေဂျီဘီ (ရုရှထောက်လှမ်းရေး)က သူ့ကို ပြန်ဖမ်း မိသွားသည်။ သူသည် ဆိုဗီယက်သံရုံးမှ လွတ်စေရန် အိပ်ဆေး အလွန်သောက်သဖြင့် သံရုံးက ရန်ကုန်ဆေးရုံကြီးသို့ပို့သည်။ ဧပြီလ ၂၈ ရက်နေ့တွင် သတိမေ့နေရာမှ ဆေးရုံပေါ်အရောက် သတိပြန်ရသည်။ ကေဂျီဘီက ထိုလူနာခန်းရှေ့မှာ စောင့်၏။ ထိုဆေးရုံကြီး အခန်း ၁၄ ပထမထပ် ပြတင်း ပေါက်မှ ကာနယ်စထရိုင်ဂျင်သည် မြေပြင် ပေါ် ခုန်ချထွက်ပြေးသည်။ ၁၂ ပေ အမြင့်မှ ခုန်ချပြီး မြန်မာအစောင့်များထံ ပြေးကာ အင်္ဂလိပ်ဘာသာဖြင့် အကူအညီတောင်း၏။ ထိုစဉ်ဆေးရုံပေါ်မှ KGB နှစ်ယောက် ပြေး ဆင်းလာကာ စထရိုင်ဂျင်ကို ပြန်ဆွဲခေါ် သွား၏။ ဆေးရုံတာဝန်ရှိ ဆရာဝန်ထံခွင့် မတောင်းဘဲ စထရိုင်ဂျင်ကို ကားဖြင့် တင် ခေါ်သွား၏။ အင်းယားလမ်း ခြံအမှတ်(၄၂) စထရိုင်ဂျင်၏နေအိမ်သို့ခေါ်သွားကာ အစောင့် နှင့်ထားသည်။ နေးရှင်း သတင်းထောက်၊ ဂါဒီယန်သတင်းထောက်(ထိုစဉ်က ဂါဒီယန် အယ်ဒီတာချုပ်မှာ ဦးစိန်ဝင်းဖြစ်သည်။)
၁၉၅၉ ခုနှစ် မေလ ၂ ရက်နေ့တွင် စထရိုင်ဂျင်ကို တရုတ်လေကြောင်းလိုင်းဖြင့် ပီကင်းသို့၊ ထိုမှတစ်ဆင့် မော်စကိုသို့ ပြန်ပို့ ရန် လေဆိပ်သို့ခေါ်သွား၏။ သူနာပြုဆရာမ တစ်ယောက်၊ စထရိုင်ဂျင်၏ ဇနီးနှင့် ကေဂျီ ဘီများပါဝင်ကြသည်။ နေးရှင်း သတင်း ထောက်က အခြားသတင်းထောက်များကို ခေါ်ကာ လေဆိပ်သို့ လိုက်ကြသည်။ ထိုသို့ လေဆိပ်သို့ ဆင်းသွားသောသတင်းကိုပါ စီအိုင်အေက နေးရှင်းသို့သတင်းပေးခဲ့သည်။ သံရုံးဝန်ထမ်းများ ဝန်းရံထားသော စထရိုင် ဂျင်ကို နေးရှင်းသတင်းထောက်က အတင်း ဓာတ်ပုံဝင်ရိုက်ရာ သံရုံးဝန်ထမ်းများက တွန်းဖယ်လိုက်သည်။ ဤတွင် သတင်း ထောက်က သူ့ကိုဒဏ်ရာရအောင် ရုရှတို့က လုပ်ပါသည်ဟု သတင်းရေးတော့သည်။ သို့တိုင် နေးရှင်းသတင်းထောက်က ဖယ် ထုတ်ခံရသော ခပ်လှမ်းလှမ်းနေရာမှ အော် ပြီး 'ကာနယ်စထရိုင်ဂျင် သတင်းစာတွေ ကို ဘာပြောချင်သေးသလဲ'ဟု အော်မေး ၏။ ကာနယ်စထရိုင်ဂျင်အား လေယာဉ်ပေါ် ဆွဲတင်သွားကြတော့သည်။ နောက်ရက်တွင် နေးရှင်းသတင်းထောက်၏ သြဇာဖြင့် သတင်းထောက်များအသင်းက ဆိုဗီယက် သတင်းဌာနတာ့စ်နှင့် တရုတ်သတင်းဌာန ဆင်ဟွာတို့က ဆိုဗီယက်သံအရာရှိများက တွန်းထိုး၍ နေးရှင်းသတင်းထောက် ဦးခေါင်း၌ ဒဏ်ရာရ၍ ဆိုကာထိုနှစ်နိုင်ငံမှ သတင်းများမှောင်ချ သပိတ်မှောက်ရန် ဆုံး ဖြတ်ကြသည်။
ထိုစစ်အေးတိုက်ပွဲကာလတွင် လက်ဝဲ နိုင်ငံရေးသမားများ၊ ယူဂျီကျောင်းသားများ က လက်ယာ၊ အရင်းရှင်နိုင်ငံသံရုံးများသို့ သွားကာ ခဲနှင့်ပေါက်၊ ခရမ်းချဉ်သီးပုပ်၊ ဘဲဥပုပ်တို့ဖြင့် ပစ်ပေါက်ကြသည်။ ဗကပ ယူဂျီတက္ကသိုလ်ကျောင်းသားတစ်ဦးက ဒတ်ခ်ျသံရုံးဝင်းထဲဝင်ပြီး အလံတိုင်ပေါ်မှ ဒတ်ခ်ျအလံကိုဖြုတ်ချ၊ ခြေနှင့်နင်းဖြဲပြီး မီး ရှို့ဆန္ဒပြသည်။ အလားတူ လက်ယာနိုင်ငံ ရေးသမားကလည်း လက်ဝဲသံရုံးများရှေ့ သွားကာ ခဲ၊ ဘဲဥပုပ်တို့ဖြင့်ပစ်သည်။
မကြာ ခဏ ဆန္ဒပြဆူပူကြ၊ ကားများကိုပက်လက် လှန်မီးရှို့ကြ၊ ဈေးဆိုင်များကို ဝင်ဖျက်ပြီး လုယက်ကြလုပ်သည်။ ဗိုလ်ချုပ်နေဝင်း၏ အိမ်စောင့်အစိုးရလက်ထက်မှုခင်းက ထူ ပြောလာသည်။ ဤသို့ဖြင့် ကိုကိုးကျွန်းတွင် အကျဉ်းစခန်းဖွင့်ကာ၊ ဆန့်ကျင်ဆူပူတတ် သောလက်ဝဲ၊ လက်ယာနိုင်ငံရေးသမားများ၊ ရာဇဝင်လူဆိုးဟု ခေါ်လောက်သော ဖောက် ထွင်းဝိဇ္ဇာ၊ လုယက်တတ်သူ၊ သူခိုးများ၊ ခါးပိုက်နှိုက်များကို ကိုကိုးကျွန်းသို့ ပို့ဆောင် ခဲ့ပြီး၊ ၁၉၆ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ရွေး ကောက်ပွဲကျင်းပပေးခဲ့သည်။ ဦးနု၏ သန့် ရှင်းဖဆပလကနိုင်၍ ဦးနုအစိုးရလက်သို့ အိမ်စောင့်အစိုးရအကြီးအကဲ ဗိုလ်ချုပ်ကြီး နေဝင်းက နိုင်ငံအာဏာပြန်လွှဲပေးခဲ့သည်။
အရေးအခင်းကြီးများ၊ အဓိကရုဏ်း များ၊ ဆန္ဒပြပွဲများတွင် သတင်းစာတိုက်များ မှ သတင်းထောက်များက သွားရောက် သတင်းယူကြရာ ကင်မရာရိုက်ခွဲခံရသူ၊ ထိပ်ပေါက်ခေါင်းကွဲဖြစ်သူများစွာရှိခဲ့သည်။ သတင်းအယ်ဒီတာများ၊ သတင်းသမား စစ်စစ် အယ်ဒီတာချုပ်များလည်း ထိုအခါ များတွင် အခင်းဖြစ်ပွားရာသို့ မိမိတို့၏ သတင်းထောက်အဖွဲ့ကို ကြီးကြပ်၍ ကိုယ် တိုင်သွားရောက်ကြည့်ရှု၊ လေ့လာ၊ သတင်း ယူခဲ့ကြသည်။ သတင်းစာ၏တန်ဖိုးကိုသိ သော နိုင်ငံအကြီးအကဲများ၊ ဝန်ကြီးချုပ် ဦးနု၊ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံ တော်သမ္မတဗိုလ်ချုပ်ကြီးနေဝင်းတို့သည် သတင်းစာများကို ဖိတ်ခေါ်တွေ့ဆုံရှင်း လင်းပြောကြားသည်။ စစ်ဆင်ရေးများသို့ လည်း သတင်းသမားများကို ဖိတ်ခေါ်ပြသ လေ့ရှိသည်။ သတင်းသမားများသည် သမိုင်း၏နောက်ဆက်တွဲအကြောင်းအရာ၊ အချက်အလက်၊ အထောက်အထားအဖြစ် သတင်းမှန်များရေးသားနေသည်ကို သိကြ သောကြောင့်ဖြစ်သည်။ ဝန်ကြီးချုပ် ဦးနု သည် အင်္ဂါနေ့တိုင်း၊ ဝင်ဒါမီယာဝန်ကြီး များအိမ်ရာဝင်းအတွင်း ဝန်ကြီးချုပ်နေအိမ် ဘေးမှ မဏ္ဍပ်သို့ သတင်းစာဆရာများကို ဖိတ်ကာ အပတ်စဉ်သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့သည်။ ဦးနေဝင်းနှင့် ပြန်ကြားရေးဝန် ကြီး၊ အမျိုးသားထောက်လှမ်းရေးမှူးတို့က လည်း သတင်းစာဆရာများကို ဖိတ်ခေါ် ရှင်းပြသည်။ တပ်မတော်အစိုးရ (နဝတ၊ နယက)လက်ထက် နိုင်ငံတော် သတင်း ထုတ်ပြန်ရေးအဖွဲ့က သတင်းစာရှင်းလင်း ပွဲများ၊ ပုံမှန်ကျင်းပသည်။ ဦးနေဝင်း ကိုယ်တိုင် ဝါရင့်သတင်းစာဆရာကြီးများ ဖြစ်သော ဆရာဇဝန၊ ဆရာသိန်းဖေမြင့်၊ ဒဂုန်ဦးလှဘေ၊ ပင်တိုင်ဆောင်းပါးရှင် သာဂဒိုးစသူတို့ကို ဖိတ်ခေါ်ရှင်းပြ ဆွေးနွေး လေ့ရှိခဲ့သည်။ ကမ္ဘာ့ပထမဆုံးဆိုရှယ်လစ် နိုင်ငံအဖြစ် ရုရှနိုင်ငံကို ထူထောင်ခဲ့သော ဗလာဒီမာအီလ်ယစ်ခ်ျလီနင်သည် မြေရှင်၊ အရင်းရှင်၊ပဒေသရာဇ်တော်လှန်ရေးကာလ တစ်လျှောက် ကိုယ်တိုင်သတင်းစာထုတ်၊ ကိုယ်တိုင်ဦးဆောင်ရေးသားခဲ့သည်။ ဆိုဗီ ယက်သတင်းစာဆရာများသမဂ္ဂ၏ အသင်း ဝင်အမှတ်(၁)မှာ လီနင်ဖြစ်ခဲ့သည်။ ဦးနေဝင်းသည်လည်း ညီလာခံများ၊ နှီးနှော ဖလှယ်ပွဲများ၊ အစည်းအဝေးကြီးများ အခမ်း အနားကြီးများတွင် သတင်းစာဆရာများကို ရှေ့ဆုံးတန်း၌ နေရာပေးခဲ့သည်။
ကျွန်တော်တို့သည် သတင်းကို အမှန် အတိုင်း ဆောလျင်စွာ ပြည့်စုံတိကျစွာရေး သားရသော တကယ့်သတင်းစာခေတ်ကို မီခဲ့သည်။ သတင်းမှန်ကိုအခြေပြုပြီး အယ် ဒီတာ့အာဘော်၊ ခေါင်းကြီးပိုင်း၊ သတင်း နှင့်မှတ်ချက်၊ သတင်းဆောင်းပါးများရေး ခဲ့ရဖန်များ၍ ကျွန်တော်တို့တွင် သတင်းသိ များစုပြုံရရှိလာခဲ့သည်။ ဒုတိယအယ်ဒီတာ ချုပ်၊ အယ်ဒီတာချုပ်တာဝန်များကို ထမ်း ဆောင်လာရသောအခါ ကြော်ငြာ၊ ဖြန့်ချိ ရေး၊ ငွေစာရင်း၊ ပုံနှိပ်ထုတ်ဝေမှုစသည့် အုပ်ချုပ်(စီမံ)ရေးတာဝန်၊ သတင်းစာတွင် ဖော်ပြသမျှစာလုံးတိုင်း၏ (တစ်လုံးမကျန်) တာဝန်ယူ၊ တာဝန်ခံကြရသည်။ ထိုကြောင့် နံနက်လင်းသည်နှင့်သတင်းစာတိုက်ရောက်၊ ညသန်းခေါင်ကျော်မှ အိမ်ပြန်၊ သတင်းတစ် ခုခုထူးလာလျှင် သတင်းစာရိုက်စက်ပျက် သွားလျှင်ကအစ ညကြီးမင်းကြီးသတင်း စာတိုက်သို့ပြေးခဲ့ရသည်။ ၂၄နာရီတစ် ရက်တွင် အိမ်မှာနေချိန်(အိပ်ချိန်) ခြောက် နာရီ၊ ခုနစ်နာရီခန့်သာရှိသည်။ သတင်းစာ ပိတ်သောနေ့တွင်လည်း တိုက်လုံခြုံရေး၊ ပြည်တွင်းပြည်ပသတင်းများလက်ခံရေး အတွက် သတင်းစာတိုက်တွင်ရှိနေရသည်။ နေဝင်ဆည်းဆာ၏အလှ၊ ညဘက်လသာ သောကောင်းကင်၏အလှ၊ မိုးသောက်ဆည်း ဆာနေထွက်ချိန်အလှတို့ကို နှစ်နှင့်ချီပြီး မမြင် ဖူးနိုင်ခဲ့ရပေ။ ကျွန်တော်တို့ကို သတင်းရူး၊ သတင်းစာရူးဟု အပုပ်ချလျှင်ပင် နာရ ကောင်းမှန်းမသိတော့ပေ။ သတင်းစာတိုက် မှ အငြိမ်းစားယူပြီးနောက် ပြန်ကြားရေး ဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း တွင် ၁၉၉၇ မှ ၂ဝ၁၁ ကုန်သည်အထိ (အသက် ၈၂ နှစ်အထိ) အကြံပေးလုပ်ခဲ့ သည်။ ကျွန်တော်တို့သတင်းစာလောကသည် လည်း ကျွန်တော်တို့ခေတ်မှာပင် လက်ဝဲ လက်ယာဝါဒကွဲ၊လက်ဝဲချင်းမတူ၊ လက် ယာချင်းလည်းရန်မူသော ဝါဒကွဲ၊ လူကွဲ၊ မူကွဲအရိပ်မည်းကြီးက မိုးနေခဲ့ပေသည်။ သတင်းစာဆရာများကို နိုင်ငံများ၊ သံရုံး များ၊ အုပ်စုများ၊ ပါတီများက စည်းရုံးကြ သည်။ သိမ်းသွင်းအသုံးချကြသည်။ ဖြား ယောင်းကြသည်။ မက်လုံးမျိုးစုံပေးတတ် သည်။ ရှောင်နိုင်သူတို့လည်း ကြံ့ကြံ့ခိုင် ခိုင်၊ သတင်းလုပ်ငန်းကို တည့်မတ်စွာ လုပ်နေခဲ့ကြသည်။မရှောင်နိုင်သူတို့လည်း သတင်းဈာန်လျှောကြသည်။ သတင်း ပါရာဇိကံ ကျကြသည်။
ရန်ကုန်ရှိသံရုံးများ(လက်ဝဲ၊လက်