images
UN
UN
ကိုယ်စွမ်းရှိသမျှ တိုက်ထုတ်ကြလော့
ကိုလှ(နပတ) Wednesday, 19 June 2019

* အမျိုးချစ်သူ အပြစ်ယူလို့
မတူမျိုးခြား ခွဲခြားချစ်ခင်
မမြင်အပြစ် စိစစ်မရှိ
အနှစ်အကာ အကာအနှစ်
ဤအဖြစ်သည် ဖြစ်တည်မြန်မာ
တို့ပြည်ရွာတွက် စဉ်းစားခက်ပြီ
မှတ်သည်သတိ အစဉ်ရှိလော့။
* မတူမျိုးခြား ချစ်ပါများ၍
မွေးစားမည့်သူ အသွင်ယူလို့
ပြည်သူစင်စစ် မစိစစ်ဘဲ
သူလည်းမည်ခံ တို့နိုင်ငံရဲ့
မြန်မာဖိုးတန် တို့နိုင်ငံသား
သွတ်သွင်းသွားရင် ကြာလျှင်မျိုးပျောက်
ပြည်ပါပျောက်မည် ရှိသည်ချုပ်ခြာ
ပြည့်အာဏာလည်း ပြိုကွဲသွားမည်
ရှေးဆီခေတ်ဝယ် မှတ်ဖွယ်အသိ
တို့မရှိရင် ကြာလျှင်မင်းငါ
ကျွန်ဖြစ်မှာမို့ ငါတို့၏ပြည်
ရေရှည်တည်အောင် စွမ်းဆောင်ကြိုးပမ်း
လက်တစ်ကမ်းမို့ ကိုယ့်စွမ်းရှိသမျှ
တိုက်ထုတ်ကြလော့။