images
UN
UN
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် AH1 N1 PDM 09 ရောဂါဖြင့် သေဆုံးသူသုံးဦး ရှိလာပြီး ရောဂါကူးစက်ခံရသူခုနစ်ဦးထိရှိနေ
Wednesday, 19 June 2019

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ဝါးဘ လောက်သောက် SHU ဘို့ဒင် S/C ပျားမွတ်ကျေးရွာတွင်နေထိုင်သူ ဒေါ်အေးအေးစိုးအသက်(၂၉နှစ်)သည်
ယခုလ ၁၄ ရက် မွန်းတည့် ၁၂ နာရီခန့် တွင်လည်းကောင်း၊ ယမန်နေ့ညပိုင်းတွင်H1 N1 ကူးစက်ရောဂါဖြင့် စမ်းချောင်း မြို့နယ် မြေနီကုန်း(မြောက်ရပ်ကွက်) ရန်ကင်းလမ်းနေ အသက် ၇ဝ ကျော်ခန့်ရှိ ဦးစိန်ဝင်းသည် ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲ တွင် လည်းကောင်း၊ ဒဂုံမြို့သစ် ဆိပ်ကမ်း ယုဇနဥယျာဉ်မြို့တော်နေ အသက်(၃ဝနှစ်) ကျော်ခန့်ရှိ အမျိုးသားတစ်ဦးသည် ယနေ့ နံနက်ပိုင်းတွင်လည်းကောင်း စုစုပေါင်း သုံးဦးတို့သည်H1 N1, PD M 09 ရောဂါ ဖြင့် ရန်ကုန်ဆေးရုံကြီးတွင် သေဆုံးသွား ခဲ့ကြောင်း ယနေ့ညနေပိုင်းက ပြုလုပ်သည့် ကျန်းမာရေးဝန်ကြီးဌာနမှ သတင်းစာရှင်း လင်းပွဲမှ သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်ံH1 N1 ဖြင့် သံသယရှိသူလူနာများနှင့် ရောဂါကူး စက်ခံရသူ လူနာခုနစ်ဦးအထိ ရှိနေပြီဖြစ် ကြောင်း သိရသည်။ လက်ရှိအခြေအနေ တွင်fAH1 N1 PDM 09ရောဂါဖြင့်သေဆုံး ခဲ့သော လူနာ နေခဲ့သည့် ကော့မှူးမြို့နယ် တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့် အပိုင်RHC ၊ S^C မှ ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်းကာ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအားတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကူးစက်ရောဂါတိုက်ဖျက်ရေးဌာန၏ လမ်း ညွှန်ချက်အတိုင်း ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။ မေနဒီမြနွယ်