images
UN
UN
ပြင်စည်ဈေးဆောက်ရန် နှစ်ချီကြာနေ
ဒေသခံတစ်ဦး Thursday, 20 June 2019

နွားထိုးကြီးမြို့နယ် စံပြပြင် စည်ကျေးရွာကြီးတွင်ခေတ်မီဈေး ဆောက်ရန်ဆိုင်ခန်းလျှောက်ထား သူ၁၃၃ဦးမှာယခုတိုင်ဈေးဆောက် မပေးသေး၍ ဈေးသစ်အမြန် ဆောက်ပေးရန်လိုလားနေကြသည်။
ပြင်စည်စံပြဈေးသစ်ကိုခရိုင် ချင်းဆက်လမ်းတွင် အလှူရှင် ဦးစိုးနိုင်က မြေနှစ်ဧကနီးပါး လှူဒါန်းပြီး လန(၃၉)အပါအဝင် ဈေးသစ်ဆောက်ခွင့်ကို သက်ဆိုင် ရာကခွင့်ပြုထားသည်မှာ နှစ်ချီ ကြာမြင့်နေကြောင်းအလှူရှင်ဦးစိုး နိုင်ကပြောသည်။
ဈေးဆောက်လုပ်ခွင့်မြေနေရာ ကျပြီးသည်မှာမှန်ကန်ကြောင်းနှင့် ဈေးဆိုင်ခန်းလျှောက်လွှာခေါ်ယူ ပြီးသော်လည်း ကျေးရွာကနှစ်ဖွဲ့ ကွဲနေ၍ ပြင်စည်ဈေးနေရာသတ် မှတ်အတည်ပြုပေးရေးမှာခက်နေ ကြောင်းမြို့နယ်စည်ပင်ကော်မတီ ဥက္ကဋ္ဌဦးသန်းထိုက်အောင်ကမီဒီယာ သို့ပြောသည်။
ပြင်စည်စံပြရွာကြီးမှာ စာဆို ပြင်စည်မင်းသားကြီး၏ အိမ်ခြေ ၁ဝဝဝကျော်ရှိ ရွာကြီးဖြစ်ပြီး ရန်ကုန်-မန္တလေးအမြန်လမ်း၊ ခရိုင်ချင်းဆက်လမ်း၊ မြင်းခြံ-မန္တလေးဆုံဖြင့်သုံးလမ်းဆုံဖြစ်ခြင်း ကြောင့် စည်ကားပြီး အိမ်ခြံမြေ ဈေးသိန်းထောင်ချီ ဈေးကောင်း နေသော ရွာကြီးလည်းဖြစ်သည်။