images
UN
UN
ခွဲစိတ်ပြုပြင်ရတာမျိုးတွေမလုပ်ချင်ဘူးဆိုတဲ့ ပိုးကြာဖြူခင်
ဒဂုံဝေလင်း Thursday, 20 June 2019
ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိ သတ်အားပေးမှုရရှိလာပြီး ယနေ့ ခေတ်စားနေသောအလှအပခွဲစိတ်မှု ဆိုင်ရာတွေနှင့်ပတ်သက်ပြီး ယခု လိုဆိုပါတယ်။
''အလှအပဆိုတာမိန်းကလေး တစ်ယောက်အတွက် အရေးပါ တယ်။ လူတိုင်းမှာတော့ မွေးရာပါ အလှတရားတွေရှိပြီးသားပါ။ ပြင် ပြင်ဆင်ဆင်လေးနေတတ်လို့ ပိုလှ သွားတယ်လို့ ထင်နေကြတာပဲရှိ တယ်။ ညီမတောင်အခုနှုတ်ခမ်းကို ဆေးထိုးထားတယ်။ အများကြီး တော့မဟုတ်ပါဘူး။ညီမရယ်လိုက် ရင် အပေါ်နှုတ်ခမ်းက သေးသွား တော့ နည်းနည်းပဲထိုးထားတယ်။ရုပ်ပြောင်းသွားမှာလည်း စိုးရိမ်လို့ ပါ။ ခွဲစိတ်ပြုပြင်တာကိုလည်း သဘောကျပါတယ်။ ညီမကတော့ မိန်းကလေးနဲ့မတူတဲ့နေရာတွေကို မိန်းကလေးနဲ့တူအောင် ခွဲစိတ်ပြု ပြင်ချင်တယ်။ ဒါပေမဲ့ ကြောက် တယ်''တဲ့။ အခုလက်ရှိရုပ်ရှင်ကား ကြီးတွေရိုက်ကူးဖြစ်နေပြီး ၂ဝ၁၉ မှာ ထူးခြားတဲ့ကာရိုက်တာနဲ့တွေ့ မြင်ရမယ်လို့ပြောပါတယ်။
''ညီမအခုနောက်ပိုင်းရုပ်ရှင် ကားကြီးတွေပဲ ရိုက်ဖြစ်နေတယ်။ဇာတ်လမ်းတွဲနဲ့စပြီး ဒီလောကထဲ ရောက်လာပေမယ့်ရုပ်ရှင်ကားကြီး တွေပဲရိုက်ဖြစ်နေလို့ တချို့ပရိသတ် တွေကပြောကြတယ်။ တကယ် တမ်းဇာတ်လမ်းတွဲက မရိုက်ချင် လို့မရိုက်ဖြစ်တာမဟုတ်ဘူး။
ရုပ်ရှင်ကားကြီးတွေ ရိုက်မယ် ဆိုရင် တချို့ကတစ်လလုံးအား ထားမှဆိုပြီး အချိန်တောင်းတာ တွေရှိတယ်။ ဇာတ်လမ်းတွဲကျ တော့လည်း ခုနစ်လ၊ ရှစ်လ လောက် သူ့အတွက်အချိန်ပေးထား ရတာဆိုတော့ ဘယ်လိုမှညှိမရ ဘူး။ ကားကြီးရိုက်နေတုန်း ဇာတ် လမ်းတွဲတွေလာကမ်းလှမ်းတော့ အဆင်မပြေဖြစ်ကုန်တယ်။ အဲဒါ ကြောင့်နောက်ပိုင်း ညီမကိုဒါရိုက် တာတွေကလည်း သူတို့ခေါ်တိုင်း မအားဘူးဆိုပြီးမခေါ်ကြတော့ဘူး။ အဲလိုကြောင့် လွတ်သွားခဲ့တဲ့ဇာတ် လမ်းတွဲတွေလည်းရှိတယ်။ အဲဒါ လေးတွေကိုတော့ ညီမကိုလာပြီး ကမ်းလှမ်းတဲ့သူတွေကို နားလည် ပေးစေချင်တယ်။ ပရိသတ်တွေ လည်း နားလည်စေချင်တယ်။အခု ကတော့ ကားကြီးတွေရိုက်ထား တာရှိတယ်။ ၂ဝ၁၉မှာညီမအတွက် ကာရိုက်တာ ဆန်းတာလေး ရိုက် ထားတယ်။ ဇာတ်ကားတွေကရိုက် ပြီးပေမယ့် ရုံတင်ရင်စောင့်နေရ တာဆိုတော့ ပရိသတ်နဲ့အဆက် ပြတ်သလိုဖြစ်နေတာမျိုးရှိတယ်။ပုံမှန်တော့ ရိုက်ဖြစ်နေပါတယ်။နောက်ထပ်လည်း ဇာတ်လမ်းတွဲ အသစ်ရိုက်ဖို့ရှိတယ်။အရင်တုန်းက ရိုက်ခဲ့တဲ့ကာရိုက်တာတွေနဲ့မတူ အောင် ပရိသတ်ကိုတင်ဆက်ထား တယ်''ဟုဆိုပါတယ်။