images
UN
UN
တရားဥပဒေစိုးမိုးရေးနှင့်လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းစီမံချက်နှင့် စပ်လျဉ်းသည့် ပဉ္စမအကြိမ်ဦးဆောင်ကော်မတီအစည်းအဝေးကျင်းပ
Thursday, 20 June 2019
ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် ဒိန်းမတ်နိုင်ငံ သံရုံးယာယီတာဝန်ခံMs.Dorte Chortsen တို့ ပူးတွဲသဘာပတိ အဖြစ်ဆောင်ရွက်သောတရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ လုပ်ငန်းစီမံချက်နှင့်စပ် လျဉ်းသည့် ပဉ္စမအကြိမ်ဦးဆောင် ကော်မတီ အစည်းအဝေးကို ယမန် နေ့ မွန်းလွဲ ၂နာရီက ပြည်ထောင် စုရှေ့နေချုပ်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင်ပြည်ထောင်စု ရှေ့နေချုပ်က အမှာစကားပြော ကြားရာ၌ ပြည်ထောင်စုရှေ့နေ ချုပ်ရုံးနှင့် ဒိန်းမတ်နိုင်ငံ သံရုံး တို့အကြား လက်မှတ်ရေးထိုးထား သည့် နားလည်မှုစာချွန်လွှာအရ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့် အရေးဆိုင်ရာ လုပ်ငန်းများကို ၂ဝ၁၇ ခုနှစ်မှစ၍ ပူးပေါင်းဆောင် ရွက်ခဲ့ကြောင်း၊ ဥပဒေရေးဆွဲခြင်း၊ ဥပဒေအရာရှိကျင့်ဝတ်၊ တရားမျှ တမှုဆိုင်ရာစံနှုန်းများနှင့် သုတေ သနလုပ်ငန်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများအပါအဝင် လူ့အခွင့် အရေးဆိုင်ရာ ကွန်ဗင်းရှင်းများ အကောင်အထည်ဖော်ရေးနှင့် စပ် လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲ များကို ကျင်းပနိုင်ခဲ့ပါကြောင်း၊ ယခုနှစ်အတွင်း ကယားပြည်နယ် နှင့် ကချင်ပြည်နယ် ဥပဒေချုပ်ရုံး များ၌ လူ့အခွင့်အရေးကွန်ဗင်းရှင်း များနှင့် ဥပဒေအရာရှိကျင့်ဝတ်တို့ ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း၊ တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ ''ပြည်သူ့အတွက် တရားမျှတမှု'' မဟာဗျူဟာစီမံကိန်း(၂ဝ၁၉- ၂ဝ ၂၃)ကို ချမှတ်၍ တရားမျှတမှုကို အားလုံးလက်လှမ်းမီရေးအတွက် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ မဟာဗျူဟာစီမံကိန်းလုပ် ငန်းများအကောင်အထည်ဖော်ရာ တွင်ဒိန်းမတ်နိုင်ငံသံရုံးနှင့်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အစည်းအဝေး တွင် တက်ရောက်လာကြသူများ က ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီ အစဉ်များကိုဆွေးနွေးခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ ပြည် ထောင်စုရှေ့နေချုပ်ရုံး၊ ဒိန်းမတ်နိုင် ငံသံရုံးနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေပညာရှင်များကော်မရှင်(ICJ) တို့မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။