images
UN
UN
ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်နှင့်ဇနီး မိသားစုဥယျာဉ်ကျေးရွာစာကြည့်တိုက်သို့ စာအုပ်မျိုးစုံနှင့် အလှူငွေများ ပေးအပ်လှူဒါန်း
သုတ(မန္တလေး) Thursday, 20 June 2019
တံတားဦးမြို့နယ်လက်ဆောင် ယူကျေးရွာအုပ်စု ဥယျာဉ်ကျေးရွာ ရွှေဥယျာဉ်ကျောင်းတိုက် အတွင်း ရှိ သုတဥယျာဉ်စာကြည့်တိုက်သို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှု ဆောင် ဦးဝဏ္ဏမောင်လွင်နှင့်ဇနီး ဒေါ်လင်းလင်းတင်မိသားစုကစာအုပ် မျိုးစုံနှင့် စာကြည့်တိုက်အတွက် လျှပ်စစ်မီးရရှိရေးတိုးချဲ့ဆောင်ရွက် နိုင်ရန် အလှူငွေများကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါ စာကြည့်တိုက်၌ ပေးအပ်လှူဒါန်း ခဲ့သည်။ ထိုသို့ ပေးအပ်လှူဒါန်းမှု မဆောင်ရွက်မီ ပါတီဗဟိုအလုပ် အမှုဆောင် ဦးဝဏ္ဏမောင်လွင်နှင့် အဖွဲ့သည် ရွှေဥယျာဉ်ကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။
ဆက်လက်၍ သုတဥယျာဉ် စာကြည့် တိုက်သို့ သုတ၊ ရသ စာအုပ်မျိုးစုံတို့အား ဦးဝဏ္ဏမောင်လွင်နှင့်ဇနီးဒေါ်လင်းလင်းတင် မိသားစုတို့က စာကြည့်တိုက်ကော်မတီထံ ပေးအပ်လှူဒါန်းပြီး ပါတီဗဟိုအလုပ်အမှု ဆောင် ဦးဝဏ္ဏမောင်လွင်က နှုတ်ခွန်းဆက် စကားပြောကြားကာ စာကြည့်တိုက်ကော် မတီနာယက ဦးထွန်းရွှေက စာကြည့်တိုက် ရှင်သန်တိုးတက်မှု အခြေအနေများနှင့် ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက်စာကြည့်တိုက်တည်ဆောက် မှုမှတ်တမ်းဓာတ်ပုံများနှင့် စာကြည့်တိုက် အတွင်း ကြည့်ရှုကာ လိုအပ်လျက်ရှိသည့် စာကြည့်တိုက်အတွက် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ရန် စာကြည့်တိုက်ကော်မတီ ထံ အလှူငွေ ပေးအပ်လှူဒါန်းခဲ့သည်။
ထိုသို့ လှူဒါန်းရာသို့ ပါတီဗဟိုအလုပ် အမှုဆောင် ဦးဝဏ္ဏမောင်လွင်နှင့် ဇနီး ဒေါ်လင်းလင်းတင်၊ ပါတီဗဟိုအလုပ်အမှု ဆောင် မန္တလေးတိုင်းဒေသကြီး ပါတီ ဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ တံတားဦးမြို့နယ် ပါတီဥက္ကဋ္ဌ ဦးဝင်းမင်း ထွန်း၊ မြို့နယ်ပါတီအတွင်းရေးမှူး၊ မြို့နယ် ပါတီကော်မတီဝင်များ၊ ကျေးရွာပါတီ ဥက္ကဋ္ဌ၊ ပါတီဝင်များ၊ ကျေးရွာ ရပ်မိရပ်ဖ များနှင့်ရပ်ရွာပြည်သူများ တက်ရောက်ခဲ့ ကြောင်း သိရသည်။
အဆိုပါစာကြည့်တိုက်အားဦးတင်အေး ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) မိသားစုက ငွေကျပ် ၁ဝ သိန်း၊ ဦးဝဏ္ဏမောင်လွင် ပြည်ထောင်စုဝန်ကြီး(ငြိမ်း) မိသားစုက ငွေကျပ်ငါးသိန်း၊ ဦးဝင်းမောင်(တိုင်းဒေသ ကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ) မိသားစုက ငွေကျပ်ငါးသိန်း၊ ဦးမြင့်သန်း တိုင်း ဒေသကြီးဝန်ကြီး(ငြိမ်း)မိသားစုကငွေကျပ် ငါးသိန်း၊ ဦးသန်းထွန်း ဒုတိယဗိုလ်မှူးကြီး (ငြိမ်း) မိသားစုက ငွေကျပ်တစ်သိန်း မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ငွေကျပ်ခုနစ်သိန်း၊ ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ငွေကျပ် ငါးသိန်း၊ တံတားဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ငွေကျပ်ငါးသိန်း၊ ရွှေပြည်သာဝတီကုမ္ပဏီက ငွေကျပ်သုံးသိန်း၊ အလှူရှင်နှစ်ဦးက ငွေကျပ်ခုနစ်သိန်းအပါအဝင် စုစုပေါင်း အလှူငွေ ၇၂၁၉၂၈၆ ကျပ်ဖြင့် တည် ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။