images
UN
UN
ပျဉ်းမနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်ကိုးအုပ်စုဆိုင်းဘုတ်တင်ပွဲကျင်းပ
ထက်ဦး(ပျဉ်းမနား) Thursday, 20 June 2019
ပျဉ်းမနားအရှေ့ခြမ်းတောင် ပေါ်ဒေသများဖြစ်သော ဘန့်ဘား အုပ်စု အောင်ဘိတ်သိတ်ရွာတွင် ယနေ့ နံနက်၈နာရီ၌ ကျောင်းသူ ကျောင်းသားများအတွက် ဗလာ စာအုပ်၊ ဘောပင်နှင့်စာရေးကိရိ ယာများလှူဒါန်းခြင်း၊ အမျိုးသမီး များအားဘက်စုံသုံး ဆပ်ပြာဆီလုပ် နည်းလက်တွေ့ပြသပြုလုပ်ခြင်း များဆောင်ရွက်ခဲ့ပြီး နံနက် ၁၁ နာရီတွင် ပြည်ထောင်ကိုးအုပ်စု ကိုးရွာရှိ ရပ်/ကျေးပါတီဥက္ကဋ္ဌ ဦးသန်းဝင်း၏ နေအိမ်၌ ပါတီဆိုင်း ဘုတ်တင်ပွဲအခမ်းအနားကို ဆက် လက်ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပြည်ထောင် စုနယ်မြေကော်မတီဝင် ဦးဝင်းမြင့်၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်ဖြူဖြူ ကျော်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါ် ဝင်းဝင်းသီနှင့် မြို့နယ်ကော်မတီ ဝင်များ၊ ရပ်/ကျေးကော်မတီဝင် များ၊ ရပ်မိရပ်ဖများ စုံလင်စွာ တက်ရောက်ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် ကိုးရွာရှိ ကျောင်းသူ ကျောင်းသားများအတွက် ဗလာ စာအုပ်၊ ဘောပင်နှင့်စာရေးကိရိယာ များ လှူဒါန်းခြင်း၊ အမျိုးသမီးများ အား ဘက်စုံသုံးဆပ်ပြာဆီလုပ်နည်း လက်တွေ့ ပြုလုပ်ခြင်းများ ပြသ ပေးခဲ့ကြောင်း သိရသည်။