images
UN
UN
ဘိုကလေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ခရိုင်မြို့နယ်ရပ်ကွက်ကျေးရွာအုပ်စု ပါတီကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
မေလေး(ဘိုကလေး) Thursday, 20 June 2019
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ ခရိုင် ဘိုကလေးမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၌ ယမန်နေ့ နံနက် ၁ဝနာရီ တွင် ခရိုင်ပါတီဥက္ကဋ္ဌ၊ အတွင်း ရေးမှူး၊ ကော်မတီဝင်များနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေး ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ရာ ခရိုင်မြို့နယ် ရပ်ကျေးအဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
အခမ်းအနားကို အပိုင်းနှစ်ပိုင်း ခွဲ၍ ဆောင်ရွက်ရာ ပထမပိုင်း အခမ်းအနားတွင် ၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင် မြင်ခဲ့သော ရုပ်ဆိုင်ကျေးရွာမှပါတီ အမျိုးသမီးခေါင်းဆောင်၏ သမီး မကြည်ဖြူထွန်းလင်းကို ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးစန်းမောင်က ဂုဏ်ပြုဆု ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ပါတီ ဥက္ကဋ္ဌဦးမြသိန်းက မိမိပါတီသို့ သက်ဝင်ယုံကြည်၍ ဝင်ရောက် လာသော ပါတီဝင်အသစ်များ အတွက် ပါတီဝင်ကတ်ပြားများ ပေးအပ်ခဲ့သည်။
ဒုတိယပိုင်း အခမ်းအနားတွင် နယ်မြေအလိုက်ရပ်ကွက် ကျေးရွာ ပါတီဥက္ကဋ္ဌများက မိမိကျေးရွာ အုပ်စုအလိုက် ကွင်းဆင်းဆောင်ရွက် ချက်များကို ရှင်းလင်းတင်ပြပြီး နယ်မြေတာဝန်ခံများမှ မိမိနယ်မြေ အလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေတို့ကို တင်ပြခဲ့သည်။ ယင်းနောက် မဲဆန္ဒနယ်အလိုက် အောင်နိုင်ရေး တာဝန်ခံများက မဲဆန္ဒနယ်အလိုက် လုပ်ငန်းဆောင် ရွက်မှုအခြေအနေတို့ကို ရှင်းလင်း တင်ပြခဲ့ပြီး ခရိုင်ပါတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြား ခြင်းဖြင့် အခမ်းအနားကို မွန်းလွဲ ၂ နာရီတွင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့သည်။