images
UN
UN
ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲနှင့်ရေနွေးကြမ်းစကားဝိုင်းဖွဲ့ တွေ့ ဆုံပွဲကျင်းပ
ဟန်ဝင်းရွှေ(ပေါင်းတည်) Thursday, 20 June 2019
ပဲခူးတိုင်းဒေသကြီး(အနောက်) ပြည်ခရိုင် ပေါင်းတည်မြို့နယ် အတွင်းရှိ မကျီးပင်အုပ်စု ပေါက်တန်း အထက်စုကျေးရွာ၌ ယနေ့ မွန်း လွဲပိုင်းတွင် ပါတီဆိုင်းဘုတ်အသစ် ပြန်လည်ပြုပြင်စိုက်ထူခြင်း အခမ်း အနားကျင်းပကာ တောင်သူဦးကြီး များအား တွေ့ဆုံ၍ ရေနွေးကြမ်း ဝိုင်းဖွဲ့ပြီး လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေးကိစ္စများ၊ တောင်သူကြီးများ၏ အခက်အခဲ များကို ပွင့်လင်းမြင်သာစွာ အပြန် အလှန် ဆွေးနွေးဖလှယ်ခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပါတီဗဟို ကော်မတီဝင်-တိုင်းဒေသကြီး အမျိုး သမီးရေးရာတာဝန်ခံ ဒေါ်ထားထား နု၊ ပြည်ခရိုင် အတွင်းရေးမှူး-တိုင်းအဆင့်ပြောရေးဆိုခွင့်ရှိသူ ဒေါ်ဆွေဆွေသင်း၊မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ မြို့နယ်တောင်သူ လယ်သမားရေးရာတာဝန်ခံဦးဇော် မင်း၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဝင်များနှင့်ဒေသခံ တောင်သူကြီးများစုံညီစွာတက် ရောက်ခဲ့ကြကြောင်း သိရသည်။