images
UN
UN
မိဘမဲ့ကလေးများကျောင်းသို့ မွေးနေ့ကုသိုလ်အာဟာရဒါနအဖြစ် ကျွေးမွေးလှူဒါန်း
ကျော်လှ(တောင်ငူ) Thursday, 20 June 2019
ပဲခူးတိုင်းဒေသကြီး တောင်ငူ ခရိုင် ဆွာမြို့ ရတနာ့အလင်းရောင် မိဘမဲ့ကလေးများစောင့်ရှောက်ရေးနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ရှိကျောင်းသားကျောင်းသူ ၅ဝဝ ကျော်တို့အား ယမန်နေ့ နံနက်ပိုင်း က နေပြည်တော်နေ ဦးနေလင်း ထွန်းနှင့်ဒေါ်မိုးထက်မြင့်တို့၏သား မောင်သုတလင်းသစ်(ခ)ခွန်းခွန်း နှစ်နှစ်ပြည့်မွေးနေ့ကုသိုလ် နေ့ လယ်စာဒံပေါက်ထမင်းကျွေးမွေး ပြီး အလှူတော်ငွေကျပ် ခုနစ်သိန်း ငါးထောင်ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါကျောင်း၌ မူလတန်းမှ အထက်တန်းအထိ ကျောင်းသား ကျောင်းသူများ ကျောင်းအိပ် ကျောင်းစားပညာသင်ကြားလျက်ရှိ ကြပြီး ကျောင်းသို့ပညာသင်ကြား လိုသူများနှင့် လှူဒါန်းလိုကြသူ များသည်ဖုန်း-ဝ၉ ၇၈ဝ၄၁၁၁၉၅ နှင့် ဝ၉ ၄၂ဝ၃ဝဝ၁၃၃ သို့ ဆက် သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။