images
UN
UN
တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ မလှိုင်မြို့နယ် ပြည်သူများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေး
အောင်ဌေး(မလှိုင်) Thursday, 20 June 2019
မိတ္ထီလာမြို့ အမှတ်(၁) ခုတင် ၅ဝဝ တပ်မတော်ဆေးရုံမှ ကုသမှု ဌာနကြီးမှူးဗိုလ်မှူးကြီး ကျော်စိုး ဝင်း ဦးဆောင်သောနယ်လှည့်ဆေး ကုသရေးအဖွဲ့သည် ယနေ့ နံနက် ၈ နာရီခွဲမှ မွန်းလွဲ ၃ နာရီအထိ မလှိုင်မြို့နယ် ဆည်တိုကျေးရွာ အုပ်စု ကသစ်ပင်ကျေးရွာ ဂိုဏ်း ထောက်ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူ ၉၁၂ ဦးကို အခမဲ့ ဆေးဝါးများ ကုသပေးခဲ့ကြောင်း သိရသည်။ယင်းနေ့တွင် ကုသမှုဌာနကြီး မှူး ဗိုလ်မှူးကြီးကျော်စိုးဝင်း ဦး ဆောင်သော အထူးကုဆရာဝန်ကြီး များနှင့် ပါရဂူကြီးများ ၊ ဆရာဝန်၊ သူနာပြု ၄၃ဦးပါဝင်သော အဖွဲ့က မျက်စိလူနာ၁၂၈ဦး၊ နား၊နှာခေါင်း လူနာ ၃၃ဦး၊အရိုးကုလူနာ၁၅၈ဦး၊ ခွဲစိတ်လူနာ ၄ဝ၊ အထွေထွေသမား တော်ကုလူနာ၁၉ဝ၊ သားဖွားမီး ယပ်လူနာ ၁၆ဦး၊ ကလေးကုသမှု ၂ဝ၊ သွားနှင့်ခံတွင်းကုသမှု ၂၅ဦး၊ ကာယကုသမှု ၂၁ ဦး၊ECG လူနာ ၁၂ ဦး၊USG လူနာ ၁၇ဦး၊ သွေးတွင်း သကြားဓာတ်စစ်ဆေး ခြင်း ၂၂ ဦး၊ သွေးတွင်းအခြား ဓာတ်စစ်ဆေးခြင်း ၁၇ ဦး၊ အထွေ ထွေရောဂါကုလူနာ ၁၈၂ ဦး၊ ဆေးရုံခေါ်ထား လူနာ ၃၁ ဦး စသည့် ဒေသခံပြည်သူလူနာ စုစု ပေါင်း ၉၁၂ ဦးတို့အား ရောဂါများ ရှာဖွေစမ်းသပ်ကုသပြီး အခမဲ့ဆေး ဝါးများ ကုသပေးနိုင်ခဲ့သည်။
ဆေးကုသမှုပေးရာသို့မိတ္ထီလာ အမှတ်(၁)တပ်မတော်ခုတင် ၅ဝဝ စစ်ဆေးရုံမှ တပ်မှူး ဗိုလ်မှူးချုပ် ကျော်ဇေယျ၊ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးငွေဒိုး ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး မလှိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးစိုး သိန်းနှင့် မြို့နယ်ပါတီကော်မတီဝင် များ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လိုအပ် သည်များကို ဝိုင်းဝန်းကူညီဆောင် ရွက်ပေးခဲ့ကြကြောင်းသိရသည်။