images
UN
UN
ညောင်လေးပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကျေးလက်နေပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်
နေလင်း(ညောင်လေးပင်) Thursday, 20 June 2019
ကျေးလက်နေပြည်သူများကျန်း မာရေးစောင့်ရှောက်မှုအခွင့်အလမ်း များရရှိစေရန် ညောင်လေးပင်မြို့ နယ်ပြည်ခိုင်ဖြိုးပါတီမှဦးဆောင်ပြီး အခမဲ့ပြည်သူ့ကျန်းမာရေးစောင့် ရှောက်မှုကွင်းဆင်းဆောင်ရွက်ခြင်း ကို ယနေ့နံနက်က ပဲခူးတိုင်းဒေသ ကြီး ညောင်လေးပင်မြို့နယ် လှည်း ဆိပ်ကျေးရွာအုပ်စု ရေတွင်းကုန်း ကျေးရွာ၌ ကုသပေးခဲ့ကြသည်။ကွင်းဆင်း၍ အခမဲ့စမ်းသပ် ကုသပေးရာတွင် ညောင်လေးပင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်ဌေးက မိမိတို့ပါတီအနေ ဖြင့် ပဲခူးတိုင်းဒေသကြီးနှင့် ပဲခူး ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဦးဆောင်မှုကို ခံယူ၍ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ပေးရခြင်းဖြစ်ကြောင်းနှင့် ပါတီ၏ရည်ရွယ်ချက်များကို ရှင်း လင်းပြောကြားသည်။ ထို့နောက် ညောင်လေးပင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဝင် ဒေါက်တာသန့်ဇော်လွင် ခေါင်းဆောင်ပြီး အဖွဲ့ဝင်များဖြစ် ကြသောဒေါက်တာချမ်းငြိမ်းအောင်၊ ဒေါက်တာနေမျိုးဇေယျာနှင့်သူနာပြု ပထမတန်းဦးစိုးမိုးကျော်၊ သူနာပြု သားဖွားဆရာမဒေါ်ချိုဇင်အေးတို့က ဆေးကုသမူခံယူရန် လာရောက် ကြသည့် ဒေသခံပြည်သူများကို အထွေထွေရောဂါများအားစမ်းသပ် ကုသမှုများပြုလုပ်ပေးခဲ့ကြသည်။
ကျန်းမာရေးစောင့်ရှောက်မှုလုပ် ငန်းများအဆင်ပြေစေရန်အတွက် ညောင်လေးပင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးကျော်ဌေးနှင့် မြို့ နယ်အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်/ကျေးပါတီဝင် များက ဝိုင်းဝန်းကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။