images
UN
UN
အမေရိကန်-အီရန်စစ်ပွဲသည် ကပ်ဘေးတစ်ခုသဖွယ်ဖြစ်လာမည်ဟု ပူတင်သတိပေးပြောကြား
KK(IR) Friday, 21 June 2019

အမေရိကန်-အီရန်စစ်ပွဲသည် အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာခြင်းသို့ ဦးတည်သွားမည်ဖြစ်ကာ ၄င်းဒေသတွင်းမှ ဒုက္ခသည်အရေအတွက်သည်လည်း တိုးပွားလာနိုင်ဖွယ်ရှိပြီး စစ်ပွဲ ဖြစ်ပွားအောင်ဆောင်ရွက်သူများအတွက် ဝမ်းနည်းကြေကွဲဖွယ် ကောင်းသည့် အကျိုးဆက်များရရှိလာနိုင်မည်ဖြစ်ကြောင်း ရုရှား သမ္မတဗလာဒီမာပူတင်က ပြောကြားလိုက်သည်ဟု သိရသည်။
အမေရိကန်နှင့် အီရန်နိုင်ငံတို့အကြားတွင် ဖြစ်ပွားသည့်စစ်ပွဲ သည် ကပ်ဘေးတစ်ခုအသွင်ဖြစ်လာလိမ့်မည်ဟု ပူတင်က သတိပေး ပြောကြားလိုက်ကြောင်း သိရသည်။ အမေရိကန်အစိုးရနှင့် အီရန် အစိုးရအကြား တင်းမာမှုများ ဆက်လက်အရှိန်မြင့်နေလျက်ရှိရာ ပူတင်က ယခုကဲ့သို့မှတ်ချက်စကားများ ပြောကြားမှုထွက်ပေါ်လာ ခြင်းဖြစ်သည်။ ၄င်းမှတ်ချက်စကားများကို ပူတင်သည် ပြည်သူ များအား နှစ်စဉ်ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်တွင် ပြော ကြားလိုက်ခြင်းဖြစ်သည်။
အမေရိကန်နှင့်အီရန်အကြား စစ်ဖြစ်ပွားလာနိုင်ခြေရှိမှုနှင့်ပတ် သက်ပြီး မေးမြန်းသည့်အခါတွင် ပူတင်က ¤င်းအနေဖြင့် တွေ့ကြုံ မြင်တွေ့ရန် မမျှော်လင့်သည့် အနာဂတ်ဖြစ်နိုင်ခြေတစ်ခုပင်ဖြစ် သည်ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။ အမေရိကန်နှင့် အီရန်နှစ်နိုင်ငံစလုံးကမူ စစ်ပွဲမဖြစ်လိုကြောင်း အခိုင်အမာငြင်းဆန် ပြောဆိုနေကြသော်လည်း နောက်ထပ်တင်းမာမှုများထပ်မံမြင့်တက် လာပါက စစ်ဖြစ်လာနိုင်သည်ကို စိုးရိမ်ပူပန်မှုများဖြစ်ပေါ်နေကြ သည်ဟု သိရသည်။ Ref: NBC News