images
UN
UN
ထလော့ မြန်မာ
ရွှေကြေးစာရံ Friday, 21 June 2019


* ထလော့မြန်မာ ရွှေမြန်မာတို့
မြန်မာတို့ပြည် ပြည်သစ်တည်ရာ
ရွှေဆီရွှေနှစ် ရွှေခဲဖြစ်၍
ရွှေဖြစ်မြားမြောင် ရွှေပြည်အောင်သည်
တောင်ကတစ်ဝ မြောက်ကတစ်မည် (မယ်)
ရှေ့ဝယ်တစ်မူ နောက်မူတခြား
မကွဲပြားဘဲ အားလုံးပေါင်းရုံး
အင်အားဘုန်းတောက် ရုန်းလျှင်ရောက်မည်
တည်ဆောက်စမ်းပါ တညီညာတည်း။
* အားသာဖြစ်မြောက် လက်ပမ်းပေါက်ခတ်
မျက်မှောက်အရေး ခေတ်အေးမဟုတ်
ခြေကုန်သုတ်ကြ အားထုတ်ကြလော့
ထလော့မြန်မာ ခန္ဓာအသက်
မငဲ့ကွက်တမ်း ပြည့်တွက်ထမ်းလော့
ပင်ပန်းသည်းခံ ဇွဲသန်မြင့်မြတ်
တို့စိတ်ဓာတ်လျှင် ရပ်တည်ကြမြဲ
ပြည်ချစ်သည်းတို့ ခဲကြနည်းတူ
စွန့်ကြလှူလော့။
* မြန်မာ့သမိုင်း
ဒို့ခေတ်ပိုင်းမှ ရိုင်းရမှာလား
လာကြညီကို တစ်ဗိုလ်ကျသက်
တစ်ဗိုလ်တက်နှင့် ချီတက်ကြမည်
တို့ပြည်ချိုးနှိမ် ဒို့မငြိမ်ဘူး
ငြိမ်လျှင်မှိန်မည် ဂုဏ်ရှိန်ကွယ်ထောက်
လူမျိုးပျောက်မည် ချိုးဖောက်မမှန်
ပြည့်ဘုံရန်ကို တွန်းလှန်တိုက်မောင်း
ပြည့်အောင်ကြောင်းတွက်
စုပေါင်းအားသစ်ပေါ်စေသတည်း။