images
UN
UN
စိုက်ပျိုးရေးဝန်ကြီးဌာနနဲ့ စီးပွားကူးသန်းချိတ်ဆက်မှုအားနည်းချက်များကြောင့် သိန်းပေါင်းနှစ်ထောင်ကျော် နစ်နာခဲ့ရသဖြင့် အရေးယူပေးရန်တောင်းဆို
Friday, 21 June 2019

စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ အကြီး အကဲတစ်ဦးမှ လုပ်ပိုင်ခွင့်နှင့် အာဏာကို အလွဲသုံးစားပြုလုပ်မှု ကြောင့် သိန်းပေါင်း နှစ်ထောင် ကျော် နစ်နာဆုံးရှုံးခဲ့ရခြင်းနှင့် ပတ်သက်ပြီး
နိုင်ငံတော်တာဝန်ရှိအကြီးအကဲတို့မှ အရေး ယူပေးရန် ဝင်းရတီထွန်းကုမ္ပဏီလီမိတက် မှ ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး ကျောက်တံတားမြို့နယ် ဆူးလေ မြို့တော်ခန်းမအနီးရှိ City Star Hotel ၌ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ် တောင်းဆိုခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ထိခိုက် နစ်နာသူဖြစ်သည့်ဦးလှဝင်းတင့်က ''ကျွန် တော်တို့က လုပ်ထုံးလုပ်နည်းနဲ့အညီ ဘောင်မကျော်ဘဲ အဆင့်ဆင့်ခွင့်ပြုချက်ကို တောင်းခဲ့တယ်။ စိုက်ပျိုးရေးဝန်ကြီးဌာန ကနေ ခွင့်ပြုပေးပြီးသားကို စီးပွားကူးသန်း က ညွှန်မှူးကနေ ငါမပေးနိုင်ဘူးကွာ မပေးဘူးလို့ပြောတယ်။ ဒီအတွက် အဲဒီ ညွှန်မှူးကို သမ္မတနဲ့ တိုင်မှာဖြစ်ပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနနဲ့ စီးပွားကူးသန်း ချိတ်ဆက်မှု အားနည်းချက်တွေကြောင့် ကျွန်တော့်မှာ အများကြီးထိခိုက်နစ်နာခဲ့ရ တယ်။ ခွင့်ပြုချက်ကိုစောင့်ရတာ အခု ဆိုရင် တစ်လနဲ့ ရက်လေးဆယ်ရှိနေပြီ။အစအဆုံးဆိုရင် ခြောက်လခန့်ရှိနေပါပြီ'' ဟု ၄င်းက ပြောသည်။
အဆိုပါ ဖြစ်စဉ်နဲ့ပတ်သက်ပြီး သိရှိ ရသည်မှာ အသီးအနှံစုံရောင်းဝယ်ရေး ကုမ္ပဏီ ဖြစ်သော ဝင်းရတီထွန်းကုမ္ပဏီ လီမိတက်မှ ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နှင့် ၂၆ ရက်တို့တွင် တရုတ်နိုင်ငံမှ မုန်လာဥနီတန်ချိန် ၅၂ တန် နှင့် ၁၅၆ တန် တင်သွင်းရန်အတွက် စိုက် ပျိုးရေးဝန်ကြီးဌာနမှ ခွင့်ပြုချက်(IC)ရရှိခဲ့ သော်လည်း ကုန်သွယ်ရေးဦးစီးဌာနထံ သွင်းကုန်လိုင်စင် လျှောက်ထားခဲ့ရာ နှစ်ပတ်ကြာသည်အထိ ခွင့်ပြုချက်မပေး ခဲ့ကြောင်း၊ မိမိတို့၏ သွင်းကုန်ပစ္စည်း များမှာ အသီးအနှံများဖြစ်သည့် အတွက် ရက်ကြာလာသည်နှင့်အမျှ ပုပ်သိုးပျက်စီး မှုများ ရှိနေသည့်အတွက် လုပ်ထုံး လုပ်နည်းများနှင့်အညီ အဆင့်ဆင့်တင်ပြ ဆောင်ရွက်ခဲ့သော်လည်း ယခုနှစ် ဇန်န ဝါရီ ၁၂ ရက်က ပြုလုပ်ခဲ့သော စီးပွားကူး သန်းဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီက လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုမရှိဟု ဆိုကာ ခွင့်ပြုချက်မပေးသည့်အပြင် ပစ္စည်းရောက်ရှိပြီးမှ လိုင်စင်လျှောက်ထား သည်ဟုနိုင်ငံတော်သမ္မတရုံးထံ မမှန်မကန် လိမ်လည်တင်ပြမှုများသည်မိမိအား စီးပွား ရေးပျက်ပြားစေရန်အတွက် ရည်ရွယ်ချက် ရှိရှိဖြင့် လုပ်ပိုင်ခွင့်အာဏာကို အသုံးချကာ တင်ပြခြင်းဖြစ်သည့် အတွက် ယခုကဲ့သို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ် ကြောင်းနှင့် လိုအပ်ပါက မိမိ၏နစ်နာ ဆုံးရှုံးမှုများအတွက် တရားစွဲဆိုဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဦးလှဝင်းတင့် က ဆက်လက်ပြောခဲ့သည်။