images
UN
UN
၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် ရသုံးခန့်မှန်းခြေငွေစာရင်းနှင့်ပတ်သက်၍ လေ့လာဆန်းစစ်ချက်များ
ကိုဇော် Saturday, 22 June 2019
နိုင်ငံတော်အစိုးရ၏ ၁၇-၆-၂ဝ၁၉ ရက်နေ့တွင် ပြုလုပ်သော ဘဏ္ဍာရေး ကော်မရှင်အစည်းအဝေးတွင် ၂ဝ၁၈-၂ဝ၁၉ဘဏ္ဍာနှစ်၏ ရသုံးခန့်မှန်းခြေငွေစာ ရင်းအား ရငွေစုစုပေါင်း ကျပ် ၂၅၃၁၃ ဘီလီယံနှင့် သုံးငွေစုစုပေါင်း ကျပ် ၃၂၃၄ဝ ဘီလီယံဖြစ်၍ လိုငွေပမာဏမှာ ကျပ် ၇ဝ၂၇ဘီလီယံဖြစ်သည်။ သို့ဖြစ် ပေရာ လိုငွေနှင့် GDP အချိုး ၅ ဒသမ ၉ ရာခိုင်နှုန်းဖြစ်သည်။
ပြည်ပမှ ချေးယူငွေ ကျပ် ၂၆၂၅ ဘီလီယံ စသဖြင့်သတ်မှတ်ခဲ့ပါသည်။ ထိုဘတ်ဂျက်၏ထူးခြားချက်ကို လေ့လာ ကြည့်လျှင် လုပ်ငန်းများအရှိန်အဟုန်မြှင့် တင်ဆောင်ရွက်နိုင်ရန်အတွက် လိုငွေနှင့် GDP အချိုးကို ငါးရာခိုင်နှုန်းထက် ကျော် လွန်ခွင့်ပြုထားသည်ကို တွေ့ရပါသည်။
ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့် တင်ရေးအတွက် ပြည်သူများချက်ချင်း လက်ငင်းအကျိုးဖြစ်ထွန်းစေမည့် အသုံး စရိတ်များဖြစ်သော လျှပ်စစ်မီးရရှိရေး အတွက်လည်းကောင်း၊ လမ်းတံတား လုပ်ငန်းများနှင့် ကျေးလက်ဒေသ တိုး တက်ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ကောင်း ပိုမိုတိုးတက်ရေးအတွက်သုံးစွဲ ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်ဖက် တွင်လည်း နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများတွင် ယခင် နှစ်ကထက် များစွာပိုမိုသုံးစွဲသွားမည် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။
GDP တိုးတက်နှုန်းကိုလည်း ပုံမှန် ဈေးနှုန်းအရ ခုနစ်ရာခိုင်နှုန်း တိုးတက် ရမည်ဟု ရည်မှန်းထားကြောင်း တွေ့ရှိရ သည်။ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေစာ ရင်းOther Account (UFA-OA) ဖွင့် လှစ်ဆောင်ရွက်နေသည့် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများကို (UFA-SEE) Account တစ်ခုတည်းနှင့်သာ ဆောင်ရွက်စေမည်ဖြစ်ပြီး Other Account (UFA-OA) စာရင်းများကို ပိတ် သိမ်းမည်ဆိုသည့်အချက်ဖြစ်သည်။
၂ဝ၁၈-၂ဝ၁၉ဘဏ္ဍာနှစ် မူလရသုံး ခန့်မှန်းခြေငွေစာရင်းတွင်ရငွေကျပ်၁၉၉၄၆ ဘီလီယံဖြစ်ပြီး သုံးငွေမှာကျပ် ၂၄၇၂၄ ဘီလီယံဖြစ်ရာ စုစုပေါင်းလိုငွေသည် ကျပ် (-)၄၇၇၈ ဘီလီယံဖြစ်သည်။ သို့ဖြစ် ရာ လိုငွေနှင့် GDP အချိုးမှာ ၄ ဒသမ ၅ရာခိုင်နှုန်းဖြစ်ပါသည်။ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွက် ဖြည့်စွက်ခွင့်ပြုသုံးငွေ တင်ပြမှုမှာ ကျပ်၂၆၃၅ဘီလီယံဖြစ်ပါ သည်။ ပြုပြင်ပြီး ခန့်မှန်းခြေအရ ရငွေမှာ ကျပ်၂၁၈၆၈ ဘီလီယံဖြစ်ပြီး သုံးငွေမှာ ကျပ်၂၇၁၈၈ ဘီလီယံဖြစ်သဖြင့် အသား တင်လိုငွေမှာ ကျပ်ဘီလီယံ၅၃၂ဝဖြစ်သည်။ ထို့ကြောင့် လိုငွေနှင့် GDP အချိုးမှာ ၅ ဒသမ ဝ၃ရာခိုင်နှုန်း ဖြစ်ပါသည်။
၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်ဖြည့်စွက် ခွင့်ပြုသုံးငွေတင်ပြပြီး အသားတင်လိုငွေ သည် ကျပ်ဘီလီယံ၅၃၂ဝဖြစ်ပြီး၂ဝ၁၉-၂ဝ၂ဝဘဏ္ဍာနှစ်၏ မူလခန့်မှန်းချက်အရ လိုငွေမှာကျပ်၇ဝ၂၇ဘီလီယံဖြစ်ပါသည်။ ဖြည့်စွက်ခွင့်ပြုသုံးငွေတင်ပြသည့်အခါ အဆိုပါလိုငွေမှာ ထပ်မံ၍ လိုလာဦးမည် ဖြစ်ပါသည်။ ယခု မူလခန့်မှန်းခြေမှာပင် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် လိုငွေမှာ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် လိုငွေထက် ကျပ် ၁၇ဝ၇ ဘီလီယံပိုများနေသည်ကို တွေ့ရပါသည်။
ပြည်ပကြွေးမြီအနေနှင့် ကြည့်ပါက ၂ဝ၁၉ ခုနှစ် မေလ တွင် အတည်ပြုခဲ့ သော JICA ချေးငွေ ဂျပန်ယန်း ၃၈ ဒသမ ၁၆၄ ဘီလီယံ၊ ပြင်သစ်ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီ (AFD ချေးငွေ) ယူရို ၃၅ ဒသမ ၇ သန်း၊ ထိုင်းနိုင်ငံ NEDA မှချေးငွေထိုင်းဘတ် ၁၄၅၈ ဒသမ ၂၄၈ သန်းတို့ကိုပါ ပေါင်းမည် ဆိုပါက ပြည်ပကြွေးမြီစုစုပေါင်း အမေ ရိကန်ဒေါ်လာသန်း ၁ဝဝဝဝ ကျော်ရှိနေ ပါသည်။

၂ဝ၁၉ ဇွန်လထဲတွင် အတည်ပြုခဲ့ သော မွေးကင်းစ ကလေးများအတွက် ကမ္ဘာ့ဘဏ်မှ အမေရိကန်ဒေါ်လာ သန်း ၁ဝဝ ချေးသဖြင့် ပြည်ပကြွေးမြီစုစု ပေါင်း အမေရိကန်ဒေါ်လာ သန်း ၁ဝ၁ဝဝ ကျော် ရှိနေပြီ ဖြစ်သည်။
၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်ခန့်မှန်း ချက်အရ ပြည်ပမှ ချေးယူရငွေကျပ် ၂၆၂၅ ဘီလီယံဟု ပါရှိပါသည်။ လက်ရှိ တွင်တွက်နေသည့် နှုန်းဖြစ်သည့် တစ် ဒေါ်လာကျပ် ၁၃၆ဝ နှင့် တွက်ပါက အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၃ဝ ဘီလီယံ (၁၉၃ဝ ဒေါ်လာသန်း) ရှိမည် ဖြစ်ပြီး ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်ကုန် ဆုံးပါက ပြည်ပကြွေးမြီခန့်မှန်း အမေ ရိကန်ဒေါ်လာ သန်း ၁၂ဝဝဝ ကျော် ရှိလာမည်ဖြစ်သည်။
ကမ္ဘာ့ဘဏ် အပြည်ပြည်ဆိုင်ရာငွေ ကြေးရန်ပုံငွေအဖွဲ့စသည့် အဖွဲ့အစည်း များ၏ တွက်ချက်မှုအရ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်ခုတွင် လိုငွေနှင့် GDP အချိုးသည် ၅ ရာခိုင်နှုန်းထက် မကျော်သင့်ဟု ဆိုပါသည်။ ယခုလာမည့် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်သည် NLD အစိုးရ၏ နောက် ဆုံးနှစ် ဖြစ်ပါသည်။ ၂ဝ၂ဝ ရွေးကောက် ပွဲအနိုင်ရရှိရန် လူထုကလက်ရှိအစိုးရ သည် နိုင်ငံတိုးတက်အောင် လုပ်နိုင်သည် ဆိုသည့် အချက်များကို မြင်အောင်ပြရ မည်ဖြစ်ပါသည်။ ထို့ကြောင့် လျှပ်စစ်၊ လမ်းတံတား၊ ကျေးလက်ဒေသဖွံ့ဖြိုး ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး လုပ်ငန်းများတွင် တိုးတက်နေသည်ဟု လူထုက မြင်လာအောင် အသုံးစရိတ်များ ကို သိသိသာသာတိုးမြှင့်သုံးစွဲမည်ဖြစ် ပါသည်။
ထို့ကြောင့် လိုငွေနှင့် GDP အချိုး ၅ ဒသမ ၉ ရာခိုင်နှုန်း၊ ဘတ်ဂျက်လိုငွေ ယခင်နှစ်ကထက် ကျပ် ၁၇ဝ၇ ဘီလီယံ တိုးပြီးလိုငွေစုစုပေါင်းကျပ် ၇ဝ၂၇ ဘီလီယံ (ဖြည့်စွက်ခွင့်ပြုသုံးငွေ မပါ သေး) ဖြစ်လာမည်ကို ဂရုမစိုက်တော့ပါ။ ပြည်ပကြွေးမြီစုစုပေါင်း ၁၂၇၄၈ ဒသမ ၅၁၆ သန်းရှိသည်ကိုလည်း ဂရုမစိုက် ပါ။ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် မတ်လ တွင် ငွေကြေးဖောင်းပွမှု ၇ ဒသမ ၂၈ ရာခိုင်နှုန်းဖြစ်ပေါ်နေပါသည်။
၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်လိုငွေ ပြည်ပကြွေးမြီနှင့်ဆိုပါက ငွေကြေး ဖောင်းပွနှုန်းသည် ၁ဝ ရာခိုင်နှုန်းနား ကပ်သွားနိုင်မည်ကိုလည်း ဂရုမစိုက်ပါ။ NLD အစိုးရက တိုးတက်အောင် လုပ် နိုင်သည်ဆိုသည့် လူထုမြင်နိုင်သည့် လုပ်ငန်းများကိုပြပြီး ၂ဝ၂ဝ ရွေးကောက် ပွဲ အောင်နိုင်အောင်လုပ်မည်။ ရွေး ကောက်ပွဲ မတော်တဆရှုံးခဲ့ပါက နောက် တက်မည့်အစိုးရက ရှင်းလိမ့်မည်ဟူသော သဘောထားနှင့် ယခုကဲ့သို့၂ဝ၁၉-၂ဝ၂ဝ ဘတ်ဂျက်ကိုရေးဆွဲသည်ဟု သုံးသပ်ရပါ ကြောင်း ရေးသားလိုက်ရပါသည်။