images
UN
UN
မော်လမြိုင်-ပဲခူး-ရန်ကုန်လော်ကယ်ရထားပေါ်မှ အကောက်ခွန်မဲ့ပစ္စည်းများဖမ်းဆီးရမိ
နိုင်နိုင်(မွန်) Sunday, 23 June 2019
မွန်ပြည်နယ်မော်လမြိုင်ဘူတာ မှ ယမန်နေ့ ညနေ ၆ နာရီခွဲက ထွက်ခွာလာသည့် စက်ခေါင်း အမှတ်ီင်္-၁၂၂၈ ၊ စက်ခေါင်း မောင်းဦးတင်ထွေးမောင်းနှင်လာ သည့် အမှတ်(၈၆)အစုန် မော် လမြိုင်-ပဲခူး-ရန်ကုန် ကုန်တင် လော်ကယ်ရထား၏ကုန်တွဲ အမှတ် ၄ဝ၂၂၃၊၄ဝဝ၅၇၊ ၄ဝ၃၆၃ အပေါ် တွင် အကောက်ခွန်မဲ့ကုန်ပစ္စည်း များကို မော်လမြိုင်ဘူတာတွင် တန်ဆာပြုလုပ် တင်ဆောင်လာ ကြောင်း သတင်းအရ ကျိုက်ထို မြို့နယ် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်း၏ အကောက်ခွန် ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးဦးကျော်နိုင်မြင့်နှင့် အကောက် ခွန်ဝန်ထမ်းများ၊ စခန်းတာဝန်ကျ ဒုရဲမှူးထွန်း နိုင်ထွေးနှင့်တပ်ဖွဲ့ဝင် များ၊ အမှတ်(၄၄) ခြေမြန်တပ်မ ဌာနချုပ်မှ ဒုတိယတပ်မမှူး ဗိုလ် မှူးကြီးအောင်ကျော်ဆန်းနှင့် တပ်ဖွဲ့ ဝင်များ၊ ကျိုက်ထိုမြို့နယ် အုပ်ချုပ် ရေးမှူးဦးရဲဝင်းထိုက်၊ ကျိုက်ထိုမြို့ နယ်ရဲတပ်ဖွဲ့မှ ဒုမြို့နယ်မှူး ဒုရဲမှူး စိုးမွန်၊ ကျိုက်ထိုမြို့မရဲစခန်းမှူး ဒုရဲမှူး အေးမြင့်နှင့် တပ်ဖွဲ့ဝင်များ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ သတင်းရဲတပ်ဖွဲ့၊ စက်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့တို့မှ တာဝန်ရှိသူ များ၊ ကျိုက်ထိုဘူတာ ရုံပိုင်ကြီး ဦးအောင်သွင်နှင့်ဝန်ထမ်းများပါဝင် သည့် ပူးပေါင်းအဖွဲ့သည် အဆိုပါ ရထား ကျိုက်ထိုဘူတာသို့ ဆိုက် ရောက်စဉ် ရထား၏ကုန်တွဲများ အားဖွင့်ဖောက်စစ်ဆေးခဲ့ရာ တရား မဝင်အကောက်ခွန်မဲ့တင်ဆောင်လာ သည့် ဘေထုပ်၊ကွမ်းစားဆေးမျိုးစုံ၊ သကြား(စိစစ်ဆဲ)တို့အား ရှာဖွေ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ အကောက်ခွန်မဲ့ ပစ္စည်းများနှင့်ပတ်သက်၍ မရမ်း ချောင်အမြဲတမ်းစစ်ဆေးရေးစခန်း မှ ပင်လယ်ရေကြောင်း အကောက် ခွန်ဥပဒေပုဒ်မ ၁၇၁/၁၇၂/၁၉၄ တို့အရ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။