images
UN
UN
မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်နှင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ
ဇော်လင်းဦး Sunday, 23 June 2019
အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ မူးယစ် ဆေးဖြတ်ပြီးသူများ ပြန်လည်ထူ ထောင်ရေးစခန်းနှင့် မန္တလေးတိုင်း ဒေသကြီးပညာရေးမှူးရုံးတို့ပူးပေါင်း ကျင်းပသည့် မူးယစ်ဆေးဝါး ဆိုး ကျိုးအန္တရာယ်နှင့် မူးယစ်ဆေး ဖြတ်ပြီးသူများ ပြန်လည်ထူထောင် ရေးလုပ်ငန်းအကြောင်း အသိပညာ ပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီခွဲက အောင်မြေသာစံမြို့နယ် ဒေါနဘွား ရပ်ကွက် ၁၄ လမ်းနှင့် ၁၅ လမ်း ကြား၊ ၆၃ လမ်းနှင့် ၆၆ လမ်း ကြားရှိ အမှတ်(၁၇)အခြေခံပညာ အထက်တန်းကျောင်း၊ ချမ်းမြေ့ မန္တလာခန်းမဆောင်တွင် ကျင်းပခဲ့ သည်။
အခမ်းအနားတွင်အမှတ်(၁၇) အခြေခံပညာအထက်တန်းကျောင်း မှကျောင်းအုပ်ဆရာကြီး ဦးကျော် ဝင်းနိုင်က အဖွင့်အမှာစကား ပြော ကြားပြီး မြန်မာနိုင်ငံ စေတနာ့ဝန် ထမ်းမူးယစ်ကြီးကြပ်ရေးမှူးအသင်း (ဗဟို)အတွင်းရေးမှူးဦးမြင့်သန်းက မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ် အကြောင်းကိုလည်းကောင်း၊ ပြန် လည်ထူထောင်ရေးစခန်း မန်နေဂျာ ဦးသိန်းဝင်းက မန္တလေး မူးယစ် ဆေးဖြတ်ပြီးသူများ ပြန်လည်ထူ ထောင်ရေးလုပ်ငန်းအကြောင်းကို လည်းကောင်း အသီးသီးဟောပြော ကြသည်။
အဆိုပါ ဟောပြောပွဲတွင် တက်ရောက်လာသည့်ကျောင်းသား ကျောင်းသူများအား မူးယစ်ဆေး ဝါးနှင့်ပတ်သက်သည့် ဥာဏ်စမ်း မေးခွန်းများ မေးမြန်းခဲ့ရာဖြေဆို သည့် ကျောင်းသားကျောင်းသူများ ကို စေတနာ့ဝန်ထမ်း မူးယစ်ကြီး ကြပ်ရေးမှူးအသင်း အလုပ်အမှု ဆောင် ဦးမြင့်နိုင်နှင့် မန္တလေး မူးယစ်ဆေးဖြတ်ပြီးသူများ ပြန် လည်ထူထောင်ရေးစခန်း မန်နေဂျာ ဦးသိန်းဝင်းတို့က ဆုလက်ဆောင် ပစ္စည်းများပေးအပ်ချီးမြှင့်ပြီး မူး ယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးလုပ်ငန်းအကြောင်း သိကောင်းစရာလက်ကမ်းစာစောင် များဖြန့်ဝေပေးကြသည်။
အဆိုပါအသိပညာပေးဟော ပြောပွဲသို့ မြန်မာနိုင်ငံစေတနာ့ဝန် ထမ်းမူးယစ်ကြီးကြပ်ရေးမှူးအသင်း (ဗဟို)အတွင်းရေးမှူးဦးမြင့်သန်း၊ စခန်းမန်နေဂျာဦးသိန်းဝင်း၊ကျောင်း အုပ်ဆရာကြီးဦးကျော်ဝင်းနိုင်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၃ဝဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။