images
UN
UN
ကသာမြို့နယ်တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
ကချင်မြေနဂါး Sunday, 23 June 2019
စစ်ကိုင်းတိုင်းဒေသကြီးကသာ မြို့နယ်ပြည်သာယာအုပ်စု အေး ငြိမ်းရွှေစင်စားသောက်ဆိုင်တွင် နေ ထိုင်သူအမျိုးသားတစ်ဦးထံမှမူး ယစ်ဆေးဝါးများရှာဖွေတွေ့ရှိခဲ့ သဖြင့် ဥပဒေနှင့်အညီအရေးယူ ထားခဲ့ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ ယခုလ ၂၁ ရက် မွန်းလွဲ ၃ နာရီတွင် ကသာမြို့မ ရဲစခန်းမှ ရဲအုပ် ကောင်းမြတ်ထွန်း၊ နယ်ထိန်းအရာရှိ ဒုရဲအုပ် ဇော်မင်း ထွန်း၊ တပ်ကြပ် အောင်နိုင်လင်း၊ ဒုတပ်ကြပ်သိန်းသန်းစိုး၊ တပ်ကြပ် သက်နိုင်ဝင်းတို့သည် ခရိုင်ရဲတပ်ဖွဲ့ မှူးရုံး မှုခင်းနှိမ်နင်းရေးဌာန စိတ်မှ ရဲအုပ် သက်နိုင်ဦးနှင့် ပူးပေါင်း၍ သက်သေများဖြစ်သော ကသာမြို့ ရပ်ကွက်(၉) အုပ်ချုပ်ရေးမှူး ဦးလှ အေး၊ ရပ်ကွက်(၆) အုပ်ချုပ်ရေး မှူးဦးလှဝင်း၊ ရပ်ကွက်(၇) ရာအိမ် မှူး ဦးဝင်းဇော်ဦးတို့လိုက်ပါလျက် မူးယစ်ဆေးဝါး သတင်းအရ ပြည် သာယာအုပ်စု အေးငြိမ်းရွှေစင်စား သောက်ဆိုင်နေ စိုးရန်နိုင်အား ရှာ ဖွေစစ်ဆေးခဲ့ကြသည်။
စိုးရန်နိုင်အားအသင့်တွေ့ရပြီး ၄င်း၏ခန္ဓာကိုယ်ကို ရှာဖွေစစ် ဆေးကြရာ စိုးရန်နိုင်ဝတ်ဆင်ထား သောအနက်/အညိုရောင်ပုဆိုး၏ ခါးပုံစအတွင်းမှ AA စာတန်းပါ လိမ္မော်ရောင် အဖုံးအပိတ်တွင် တိတ်အဝါနှင့် ပတ်ထားသည့် ပလတ်စတစ်ဘူးအတွင်းမှ ဘိန်းဖြူ ဟုယူဆရသော ဖြူ/ဝါမှုန့်အလေး ချိန် သုည ဒသမ ၂ ဂရမ်ပါ တစ် ဘူးတွေ့ရပြီး နေအိမ်အတွင်း ရှာဖွေ ရာမူးယစ်ဆေးဝါး တစ်စုံတစ်ရာ မတွေ့ရှိရသော်လည်း နေအိမ် နံဘေးရပ်ထားသည့် SG G5B/-----နံပါတ်ပါ NISSAN အမျိုး အစား အဟြရောင် ခြောက်ဘီး မော်တော်ယာဉ်ခေါင်းခန်းအတွင်း စတီယာရင်ညာဘက် ဒိုင်ခွက် အတွင်းသတ္တုခဲဟြးထဲမှ အမည်း ရောင်ကြွပ်ကြွပ်အိတ်နှင့်ထုပ်လျက် WY စာတန်းပါပန်းရောင်ဆေးဟြး သုံးဟြး၊ ကားခေါင်းခန်း အိပ်ခန်း ဆိုဖာပေါ်မှ တံဆိပ်မပါ ပန်းရောင် ဆေးဟြး ၁၁ဝ တို့အားရှာဖွေ တွေ့ရှိခဲ့သဖြင့် သက်သေများရှေ့ တွင် ရှာဖွေပုံစံဖြင့် ရေးသွင်းသိမ်း ဆည်းခဲ့ကြသည်။
ထို့ကြောင့် စိုးရန်နိုင်(၂၇နှစ်) ပြည်သာယာအုပ်စု အေးငြိမ်းရွှေစင် စားသောက်ဆိုင် ကသာမြို့နယ်နေ ထိုင်သူအား ကသာမြို့မရဲစခန်းမှ မယ(ပ)၄၇/၂ဝ၁၉၊ပုဒ်မ၁၉(က) ဖြင့် အမှုဖွင့်ထားခဲ့ကြောင်း သိရ သည်။