images
UN
UN
မိုးညှင်းမြို့နယ် ဟိုပင်နယ်မြေရဲစခန်းအပိုင်တွင် အမျိုးသမီးတစ်ဦးထံမှ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
ကချင်မြေနဂါး Sunday, 23 June 2019
ကချင်ပြည်နယ် မိုးညှင်းမြို့ နယ် ဟိုပင်နယ်မြေရဲစခန်းအပိုင် (၇)မိုင်ကျေးရွာအုပ်စုတံတားကုန်း ရပ်ကွက်တွင်နေထိုင်သူအမျိုးသမီး တစ်ဦးထံမှ မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိသဖြင့် ဥပဒေနှင့်အညီ အရေးယူထားခဲ့သည်။
ဖြစ်ပွားပုံမှာ ယမန်နေ့ မွန်းလွဲ ၁ နာရီက ဟိုပင်နယ်မြေရဲစခန်း မှ ဒုရဲအုပ်ဇော်မျိုးဦးနှင့်တပ်ဖွဲ့ဝင် များသည် သက်သေများဖြစ်သော ရွာသစ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကုံး၊ ရာအိမ်မှူးဦးမြင့် သောင်းတို့နှင့်အတူ မူးယစ်ဆေး ဝါးသတင်းအရ ဟိုပင်မြို့(၇)မိုင် ကျေးရွာအုပ်စု တံတားကုန်းရပ် ကွက်နေ ဒေါ်ခင်စန်းရီ၏နေအိမ် အား ဝင်ရောက်ရှာဖွေခဲ့ကြသည်။
ဒေါ်ခင်စန်းရီအား နေအိမ်တွင် အသင့်တွေ့ရပြီး နေအိမ်အတွင်း ရှာဖွေမှုပြုကြရာ နေအိမ်ဘုရားစင် အောက်မှန်ဗီရိုအတွင်း အပေါ်နံရံ တွင် အဝါရောင်အဖုံးပိတ်လျက် အညိုရောင်ကော်ဘူးအတွင်းထည့် ထားသည့်ဘိန်းဖြူဟုယူဆရသည့် ဖြူ/ဝါအမှုန့်အလေးချိန် ငါးဂရမ် ခန့်ပါ တစ်ဘူးအား ရှာဖွေတွေ့ရှိ သဖြင့် ဒုရဲအုပ်ဇော်မျိုးဦးက သက် သေများရှေ့တွင် ရှာဖွေပုံစံဖြင့် ရေးသွင်းသိမ်းဆည်းခဲ့သည်။
ထို့ကြောင့် ဒေါ်ခင်စန်းရီ (၄၈နှစ်) တံတားကုန်းရပ်ကွက် (၇)မိုင်ကျေးရွာ အုပ်စုဟိုပင်မြို့ မိုးညှင်းမြို့နယ် နေထိုင်သူအား မိုးညှင်းမြို့မ ရဲစခန်းမှ မယ(ပ) ၂၉/၂ဝ၁၉၊ ပုဒ်မ ၁၉(က)ဖြင့်အမှု ရေးဖွင့်ထားကြောင်း သိရသည်။