images
UN
UN
မြို့မစည်ပင်သာယာဈေးအတွင်းရှိ အသားငါး ရောင်းဝယ်ရေးဆိုင်များကို စစ်ဆေးပညာပေးဆောင်ရွက်
အိအိအောင်(ချောင်းဦး) Sunday, 23 June 2019
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ ခရိုင် ချောင်းဦးမြို့၌ စားသုံးသူရေး ရာဦးစီးဌာနမှမြို့မစည်ပင်သာယာ ဈေးအတွင်းရှိ အသားငါးရောင်း ဝယ်ရေးဆိုင်များကို ယနေ့ နံနက်၈ နာရီက စားသုံးသူရေးရာဦးစီးဌာန မှ ဦးဆောင်၍စစ်ဆေးပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် ပြည်သူ များ၏ ကျန်းမာရေးအတွက် ဈေး အတွင်းရှိ အသားငါးဆိုင်များ ရောင်းချမှုတွင် သန့်ရှင်းလတ် ဆတ်မှုရှိ၊ မရှိစစ်ဆေးကာ အသိ ပညာပေးစာစောင်များ ဖြန့်ဝေပေး ၍ပညာပေးလုပ်ငန်းများကို ဆောင် ရွက်ခဲ့သည်။
အဆိုပါအဖွဲ့တွင် မြို့နယ်စည် ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိဦးအောင်ကျော်တင်၊မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ် ချုပ်ရေးဌာနမှ မြို့နယ်စည်ပင်သာ ယာရေးကော်မတီဥက္ကဋ္ဌဦးသောင်း ဌေး၊စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ဌာနဆိုင်ရာများက သွား ရောက်စစ်ဆေးခဲ့ကြောင်း သိရ သည်။