images
UN
UN
မိုးညှင်းမြို့တွင် ဆိုင်ကယ်ခိုးသူ လူငယ်တစ်ဦးကို ဖမ်းဆီးရမိ
ကချင်မြေနဂါး Sunday, 23 June 2019
ကချင်ပြည်နယ် မိုးညှင်းမြို့ တွင် ဆိုင်ကယ်များမကြာခဏ ပျောက်ဆုံးမှုများရှိနေရာ မြန်မာ နိုင်ငံရဲတပ်ဖွဲ့နှင့် ပြည်သူတို့ပူး ပေါင်း၍ လှည့်ကင်းများဆောင် ရွက်ခဲ့ရာမှ ဆိုင်ကယ်ခိုးယူသူတစ် ဦးအား ဖမ်းဆီးနိုင်ခဲ့သည်။
ဖြစ်ပွားပုံမှာ ယမန်နေ့မွန်းလွဲ ၃ နာရီခွဲတွင် မိုးညှင်းမြို့ သီတာ ရပ်ကွက်နေ ဦးစိုးမင်းထိုက်သည် မြသိန်းတန်ဘုရားသို့ ၄င်းပိုင်ဆိုင် သည့် CANDA125 အနက်နှင့် အနီကျား ဆိုင်ကယ် စီးနင်းလာခဲ့ ပြီး ဘုရားဝင်းအပြင်ဘက်တွင် ရပ် ထားခဲ့ပြီး ဘုရားဖူးခဲ့သည်။
ဘုရားဝတ်ပြုပြီး ပြန်ထွက် လာစဉ် ရပ်ထားခဲ့သောဆိုင်ကယ် ကိုမတွေ့ရှိဘဲ ပျောက်ဆုံးနေ သဖြင့်လိုက်လံရှာဖွေရာ မစိုးရိမ် ကျောင်းတိုက်ရှေ့တွင် လူငယ် တစ်ဦးက ဦးစိုးမင်းထိုက်၏ဆိုင် ကယ်ကိုတွန်းသွားသည်ကိုမြင် တွေ့ရသဖြင့် ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းခံခဲ့ရာ ဆိုင်ကယ်ခိုးယူသူ ထက်သူရဦး သည် ဆိုင်ကယ်အားထား၍ထွက် ပြေးသွားခဲ့သည်။
ပတ်ဝန်းကျင်ရှိပြည်သူများ က ဆိုင်ကယ်ခိုးယူထွက်ပြေးသူ အားလိုက်လံဖမ်းဆီးကြရာ ရွှေသာ လျောင်းဘုရားအနီးတွင် ဖမ်းဆီးရ မိခဲ့သဖြင့်လှည့်ကင်းဆောင်ရွက်နေ သောမိုးညှင်းမြို့မရဲစခန်းမှနယ်ထိန်း အရာရှိ ဒုရဲအုပ်ကျော်ကျော်ဝင်း နှင့်အဖွဲ့ထံအပ်နှံခဲ့ပြီး ဆိုင်ကယ် ပိုင်ရှင်ဦးစိုးမင်းထိုက်က တရား လိုပြုလုပ်အမှုဖွင့်လှစ်ခဲ့သည်။
ထို့ကြောင့် ထက်သူရဦး(၂၄ နှစ်)အောင်ချမ်းသာရပ်ကွက် အုတ် ကျင်းအုပ်စု မိုးညှင်းမြို့ နေထိုင် သူအား မိုးညှင်းမြို့မ ရဲစခန်းမှ(ပ) ၁၁၁/၂ဝ၁၉၊ ပုဒ်မ၃၇၉(မဆ) ဖြင့် အမှုရေးဖွင့်ထားခဲ့ကြောင်း သိရသည်။