images
UN
UN
ယာဉ်တိုက်ခံရမှုကြောင့် အမျိုးသားတစ်ဦး အခင်းဖြစ်နေရာတွင်သေဆုံး
နိုင်လင်း(လှည်းကူး) Sunday, 23 June 2019


ရန်ကုန် မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ဝါးနက်ကုန်း ကျေးရွာ ဝါးတံတားလမ်းထိပ် အရောက်တွင် ယမန်နေ့ မွန်းလွဲ ၁၂နာရီခွဲခန့်က ယာဉ်တိုက်ခံရမှု ကြောင့် အမျိုးသားတစ်ဦး အခင်း ဖြစ်နေရာတွင်သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်-ပဲခူးလမ်း အတိုင်း(ပဲခူးဘက်မှ လှည်းကူး ဘက်)အရှေ့မှ အနောက်သို့ ယာဉ် မောင်း(စုံစမ်းဆဲ)မောင်းနှင်လာ သောအမှတ်မသိ၊ အမျိုးအစား မသိယာဉ်သည်ဝါးနက်ကုန်း ကျေးရွာ ဝါးတံတားလမ်းထိပ် အရောက်တွင် မြောက်မှတောင်သို့ လမ်းဖြတ်ကူးသူ အမည်နေရပ် မသိ အသက်(၅ဝနှစ်)ခန့် အမျိုး သားတစ်ဦးအားတိုက်ပြီး မောင်း နှင်ထွက်ပြေးသွားသဖြင့် ယာဉ် တိုက်ခံရသူအမျိုးသားတွင် ဒဏ်ရာ များရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားသောကြောင့် ယာဉ် အားမဆင်မခြင်မောင်းနှင်ထွက် ပြေးသွားသူ ယာဉ်မောင်း(စုံစမ်း ဆဲ)အပေါ် ဆက်လက်အမှုဖွင့် အရေးယူဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။