images
UN
UN
တာချီလိတ်မြို့နယ်၌ ကျည်မျိုးစုံ ဖမ်းဆီးရမိ
လင်းထက် Sunday, 23 June 2019

တာချီလိတ်မြို့နယ် မယ်ယန်းပူးပေါင်းစစ်ဆေးရေး ဂိတ်၌ တပ်မတော်သားများနှင့်ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ ယမန်နေ့ ညနေ ၆ နာရီခွဲက အာနွတ်ချိုင် (၂၃နှစ်)မောင်းနှင်လာသည့် ဆိုင်ကယ်အား စစ်ဆေးရာ ၁၂ ဗို့ကျည် ၁၂၂ တောင့်၊ ပွိုင့် ၃၈ ကျည် ၁၅၉တောင့်၊ ၉ မမ ကျည်အတောင့် ၅ဝ၊ ပွိုင့် ၂၂ကျည် ၂ဝ၉ တောင့်၊ ပွိုင့် ၄၅ ကျည် ၂၃ တောင့်၊ M 22 ကျည်အတောင့် ၁၃ဝ၊ ၅.၅၆ ကျည် ၁ဝ တောင့်၊ စုစုပေါင်း ကျည်မျိုးစုံ ၇ဝ၃ တောင့်၊9 MMကျည်အိမ်နှစ်ခု၊ ကျောပိုးအိတ် တစ်လုံးနှင့် သံဘွတ် ၂၈ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိ ခဲ့သဖြင့် အာနွတ်ချိုင်(၂၃နှစ်)အား အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။