images
UN
UN
ကပ်ပါးပိုး (သန်ကောင်)ရောဂါကင်းစင်ရေး(ကျောင်း)စီမံချက် အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးကုသပေး
လင်းလင်း(ရေဖြူ) Tuesday, 25 June 2019
တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက်ရှိအခြေခံပညာ အထက်တန်းကျောင်းရှိ ပညာ ရတနာခန်းမ၌ ယနေ့နံနက် ၁ဝ နာရီက ယခုနှစ် ဇောတိကလူမှု စီးပွားကျန်းမာရေးစီမံကိန်းမှ ပံ့ပိုး ကူညီမှုဖြင့်ကပ်ပါးပိုး(သန်ကောင်) ရောဂါကင်းစင်ရေး(ကျောင်း) စီမံ ချက် အသိပညာပေးဟောပြော ခြင်းနှင့် ကျန်းမာရေးစစ်ဆေးကုသ ပေးခြင်း၊ ကျန်းမာရေးစစ်တမ်း ကောက်ယူခြင်း၊ကပ်ပါးပိုး (သန် ကောင်)ရောဂါစစ်ဆေးခြင်း၊ ကုသ မှုနှင့်ကာကွယ်မှုပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ကလိန်အောင်မြို့ အခြေခံပညာ အထက်တန်းကျောင်းမှကျောင်းအုပ် ဆရာကြီးကိုယ်စား ဆရာမဒေါ်ချို ချိုက အဖွင့်အမှာစကားပြောကြား ပြီးဇောတိကလူမှုစီးပွားကျန်းမာရေး ဖွံ့ဖြိုးမှုစီမံကိန်းPTTEP ကုမ္ပဏီ ရန်ကုန်မြို့ ရွှေဗဟိုနှင့်ခိုင်ကောင်း မွန်ကျန်းမာရေးစောင့်ရှောက်ရေး အဖွဲ့မှဒေါက်တာဒေါ်ကလျာထွန်း က ကလိန်အောင်မြို့ အခြေခံပညာ အထက်တန်းကျောင်းရှိကျောင်းသား၊ ကျောင်းသူများနှင့်မိဘများအား သန်ကောင်ပိုးရောဂါရရှိနိုင်သော အကြောင်းအရင်းများနှင့် ရောဂါ လက္ခဏာများအကြောင်း၊ကူးစက် ခြင်းအခြေအနေများအကြောင်း၊ သန်ကောင်ဥများပေါက်ဖွားပုံ၊ ဝမ်း ကိုက်ပိုးအကြောင်း၊ ဝမ်းနမူနာယူ ခြင်း၊ကူးစက်ပုံနှင့်သန်ကောင်ရော ဂါပိုးကာကွယ်နိုင်ရေးအကြောင်းနှင့် ပတ်သက်၍သိရှိရမည့်အကြောင်း အရာများတို့ကို ပရိုဂျက်တာဖြင့် ပြသ၍ ရှင်းလင်းပြောကြားခဲ့ သည်။
ပြီးနောက် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကပ်ပါးပိုး(သန်ကောင်)ရောဂါနှင့် ပတ်သက်၍ ကင်းရှင်းစေရေး အတွက် ကျန်းမာရေးစစ်တမ်း ကောက်ယူခြင်း၊သန်ကောင်ရောဂါ ပိုးကင်းရှင်းရေးအတွက်ဆေးတိုက် ကျွေးခြင်းနှင့် ကျန်းမာရေးစစ်ဆေး ကုသခြင်းများ ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲသို့ ဇောတိကလူမှုစီးပွားကျန်းမာရေး ဖွံ့ဖြိုးမှုစီမံကိန်း PTTEP ကုမ္ပဏီ ရန်ကုန်မြို့  ရွှေဗဟိုနှင့် ခိုင်ကောင်း မွန် ကျန်းမာရေးစောင့်ရှောက်ရေး အဖွဲ့မှဒေါက်တာ ဒေါ်ကလျာထွန်း နှင့်အဖွဲ့၊ ကလိန်အောင်မြို့ အခြေခံ ပညာအထက်တန်းကျောင်းမှဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ နှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၃ဝဝ ခန့်တက်ရောက် ကြကြောင်း သိရသည်။