images
UN
UN
စိတ်ကြောင့်ဖြစ်တတ်သော ရောဂါဝေဒနာ
ချစ်နိုင်(စိတ်ပညာ) Tuesday, 25 June 2019
''ဘယ်အရာမှမကောင်း။
ဘယ်အရာမှမဆိုး။ စိတ်ကထင်နေ ခြင်းသာ ဖြစ်ပါတယ်''
(ဝီလျံရှိတ်စပီးယား)
မေးပါ
''ချစ်သူငယ်ချင်းကိုယ်ချစ်နိုင်။ မောင် ရင့်ကိုမေးချင်တာ တစ်ခုရှိတယ်ကွာ''
''နှစ်ခုသုံးခုမေးပါကွ''
''ဟ ဘာလို့လဲ''
''လိပ်ပတ်လည်အောင် ဖြေပေးချင် လို့ပါ''
''အေး အတော်ပဲ။ ဒါဆို များများမေး မယ်ကွာ။ မကောင်းဘူးလား''
''သိတာ ဖြေမယ်။ မသိရင်မသိဘူး ပြောမယ်နော်။ မေးခွန်းတိုင်းတော့ ကိုယ် လည်း ဘယ်အကုန်ဖြေနိုင်မှာလဲကွယ်''
''ရပါတယ်။ သိသလောက်ပဲဖြေပါ''
''မေးလေ''
''စိတ်ကြောင့် ခန္ဓာကိုယ်မှာ ရောဂါ ဝေဒနာတွေဖြစ်တတ်သလား''
''တိုတိုဖြေမယ်။ ဖြစ်တတ်တယ်''
''ကိုယ်ခန္ဓာမှာ တစ်စုံတစ်ခု ချို့ယွင်း မှု၊ ချို့တဲ့မှု၊ ဝေဒနာတစ်ခုခုကြောင့် စိတ်မှာ ပါ ရောဂါဝေဒနာဖြစ်လာနိုင်သလား''
''ဖြစ်နိုင်တယ်''
''အဲဒီလို ရောဂါဝေဒနာမျိုးတွေကို သူငယ်ချင်းတို့ စိတ်ပညာ၊ စိတ်ကျန်းမာ ရေးပညာ၊ စံလွဲစိတ်ပညာတို့မှာ ဘယ်လို ခေါ်သလဲ''
''ကိုယ်စိတ်ဆက်စပ်ရောဂါမျိုး လို့ ခေါ်ကြတယ်''
''ဒါဆိုရင်''
''သူငယ်ချင်း၊ မေးချင်တာတစ်ခုရှိ တယ်ဆို။ နှစ်ခုသုံးခုဖြေပေးမယ်လို့ ကိုယ် ပြောခဲ့တယ်''
''ဟုတ်တယ်လေ''
''ကိုယ်ဖြေခဲ့တာသုံးခုစေ့သွားပြီကွာ''
''ဈေးမကိုင်ပါနဲ့ ကိုချစ်နိုင်ရာ ဆက် ပြီးမေးပါရစေဦးကွာ။ မေးခွန်းတစ်ရာထက် မပိုစေရပါဘူး''
''ဟာ စပြောတုန်းက မေးချင်တာ တစ်ခုလို့ပြောပြီး အခုတော့ တစ်ရာနီးပါး မေးချင်တယ်ဆိုပါလား။ သူငယ်ချင်းက နိုင်ငံရေးသမားလုပ်စားဖို့ ကောင်းတယ် ဟ''

''ဘာပြုလို့လဲ''
''အပြောကောင်းလို့ပါ''
''ကိုချစ်နိုင်ဆီက စိတ်ပညာဗဟုသုတ တွေလိုချင်လို့ပါကွာ''
ဖြေချင်နေတာ
''ကိုယ်ကလည်း မျှဝေချင်နေတာပါ ဗျာ''
''တိုင်းရက်တဲ့ ပက္ကလာ၊ မိုးရွာတာနဲ့ အဆင်သင့်''
'ဘာဆိုလိုတာလဲ'
'သိဘူးလေ'
'ကဲ ကဲ မေးချင်တာ ဆက်ပါဦး'
'ကိုယ် စိတ်ဆက်စပ်ရောဂါမျိုးတွေနဲ့ ပတ်သက်ပြီး နည်းနည်းပါးပါး ပြောပြပေး ပါလား ကိုချစ်နိုင်ရာ'
'ဒီမေးခွန်းကတော့ တော်တော်ရှည်ရှည် ဖြေမှရမယ်သူငယ်ချင်း။ နည်းနည်းပါးပါးနဲ့ တော့ မပြည့်စုံမခြုံငုံမိဘူး'
'သူငယ်ချင်းကြိုက်သလောက်ပြော'
''မြန်မာလို ကိုယ်စိတ်ဆက်စပ်ရောဂါ များလို့ အများနားလည်အောင် ဘာသာပြန် ထားပေမယ့် အင်္ဂလိပ်လိုကတော့ စိတ် Psycho ဆိုတာကို ရှေ့က ထားတယ်ဗျ။ Soma ဆိုတာကကိုယ်ခန္ဓာရုပ်ပေါ့။ Psycho- somatic Disorder ကိုယ်မှာ စိတ်ကြောင့် အကြောင်းရင်းခံပြီး ဖြစ်လာတတ်တဲ့ ဝေဒနာတွေပေါ့ကွယ်''
''ထင်ရှားအောင် သာဓကအမည်နာမ တွေနဲ့ ပြောပြပါလား ဆရာချစ်ရယ်''
'စိတ်ကြောင့်ဖြစ်တတ်တဲ့ ဖြစ်နိုင်တဲ့ ဝေဒနာတွေ ပြောပြရရင်-
ဝေဒနာများ
နှာစေး၊ ချောင်းဆိုး၊ ခေါင်းကိုက်၊ ဖျား နာ၊ ဝက်ခြံပေါက်၊ အရေပြားယားယံ၊ ကိုယ် လက်နာကျင်ကိုက်ခဲ၊ မအီမသာဖြစ်၊ မျက်စိ မှုန်၊ နားထိုင်း၊ ဓမ္မတာမမှန်၊ ဆံပင်ဖြူ၊ ဆံပင်ပါး၊ အရွယ်မတိုင်မီ အိုမင်း၊ အစာ မကြေ၊ လေပွ၊ လေထ၊ အိပ်မပျော်၊ စား မဝင်၊ နှလုံးအားနည်း၊ ဆီးချို၊ သွေးတိုး၊ လေးဖက်နာ၊ ကင်ဆာ....
''ဟေ့...ကိုချစ်နိုင်ရ။ ရှိရှိသမျှ ကိုး ဆယ့်ခြောက်ပါးရောဂါတွေက ကိုယ်စိတ် ဆက်စပ်ဝေဒနာထဲ ပါနေရောလားဟ''

''ဒီလိုလည်းမဟုတ်ပါဘူး။ အနည်းနဲ့ အများ ဆက်စပ်နေကြတာ။ သူငယ်ချင်းက အမည်နာမများနဲ့ ပြောပါဆိုလို့ပြောတာလေ''
''ဟာ စိတ်မှာ အကြောင်းခံလာနိုင်တဲ့ ရုပ်ခန္ဓာရောဂါဝေဒနာတွေဟာ မနည်းပါ လား''
''မှန်တယ်''
''ကြောက်စရာပဲ၊ သတိထားစရာပဲ''
လူနာများ
သုတေသန ကိန်းဂဏန်းတွေအရ အမေ ရိကန်နဲ့ ဥရောပနိုင်ငံအချို့မှာ လေ့လာတွေ့ရှိ ချက်အရ ဆေးရုံပေါ်ရှိ လူနာရာခိုင်နှုန်း ၅ဝ ကျော်ဟာ ကိုယ်စိတ်ဆက်စပ်ဝေဒနာတွေနဲ့ ပတ်သက်ကြတယ်။ ဆရာဝန်ဆီလာပြသ ကြတဲ့ပြင်ပလူနာ ရာခိုင်နှုန်း၇ဝမှ၈ဝရဲ့ ပြော ပြချက်အရ ကိုယ်စိတ်ဆက်စပ်ဝေဒနာတွေပဲ လို့ ဆရာဝန်များက ပြောပြခဲ့ကြပါတယ်။
''ဒီ ကိုယ်စိတ်ဆက်စပ်ဝေဒနာများဟာ ဘာကြောင့်ဖြစ်ရတာလဲ''
''ဒါနဲ့ပတ်သက်ပြီးတော့လည်း ရောဂါ ဗေဒဆရာဝန်ကြီးတွေ လေ့လာဖော်ထုတ် ထားပြီးသားအချက်တွေ ရှိခဲ့ပါတယ်။ နမူ နာလောက် ကောက်နုတ်ဖော်ပြရရင် ဒီလို ဆက်စပ်မှုတွေရှိကြောင်း သိခဲ့ရတယ်။
ဒေါသစိတ်ကြောင့် အသည်းပျက်စီး မယ်။ ပူဆွေးဝမ်းနည်းမှုကြောင့် အဆုတ် ပျက်စီးမယ်။ ပူပန်သောကကြောင့် အစာ အိမ် ပျက်စီးမယ်။ စိတ်ဖိစီးမှုကြောင့် နှလုံး ပျက်စီးမယ်။ စိတ်ဖိစီးမှုကြောင့် ဦးနှောက် ပျက်စီးမယ်။ ထိတ်လန့်မှုကြောင့် ကျောက် ကပ်ပျက်စီးမယ်။
စိတ်ကြောင်းရင်းခံ
''စိတ်ခံစားမှု၊ စိတ်လှုပ်ရှားမှု၊ စိတ်ထဲ မှာပြင်းပြင်းထန်ထန် ခံစားရရင် ကိုယ်တွင်း က ကလီစာစတဲ့အစိတ်အပိုင်းတွေအထိ ထိ ခိုက်ပျက်စီးစေတာကိုးနော်''
''ဟုတ်တယ်။ မြတ်စွာဘုရားလောင်း နဲ့ဒေဝဒတ်လောင်း ရွဲကုန်သည်တို့ ပါဝင် ကြတဲ့ဇာတ်တော်အဆုံးမှာ ရွှေဖလားခွက် ကြီးရသွားတဲ့ ရွဲကုန်သည်ကို ဒီဘက်ကမ်း မှနေပြီး ဒေဝဒတ်လောင်းဟာ မုန်းတီး ဒေါသ၊ မနာလိုဖြစ်လွန်းတဲ့စိတ်လှုပ်ရှားမှု ပြင်းထန်လှတာကြောင့် ရင်တွင်းပူလောင် ကာ ပါးစပ်မှ သွေးပွက်ပွက်အန်ပြီး လဲကျ သေဆုံးရတယ်ဆိုတာ တွေ့ရမယ်။ သူ့ကို ဘယ်သူကမှ မနှိပ်စက်မရိုက်ပုတ်ရဘဲနဲ့ သူ့ရဲ့မရိုးသားမှု၊ မတရားရယူသိမ်းပိုက်လို မှု၊ လိမ်ညာလှည့်ဖြားမှု၊ သူတစ်ပါးရသွား ပြီဆိုတာသိရတဲ့အခါကျ လောဘကြောင့် ဖြစ်ပေါ်လာတဲ့ ဒေါသပေါက်ကွဲမှုဟာ ဘုရားလောင်းရွဲကုန်သည်ကို မြစ်မကူးခင် အမြန်အမီလိုက်ပြီး ရိုက်သတ်လုယူ မယ်ဆိုတဲ့ဇောနဲ့ ရွာတွင်းမှ မြစ်ကမ်းထိ အောင် တအားကုန်ပြေးလိုက်လာခဲ့တာ။ ဟို မှာ လှေကခွာသွားပြီ။ ကမ်းမှာလည်း လှေ တစ်စင်းမှ မရှိဘူး။ လက်ပစ်ကူးလိုက်ရင် လည်း ရေနစ်သေဖို့ပဲရှိတော့တယ်။ ဒေါသ ပေါက်ကွဲအော်ဟစ်ရင်းနဲ့ သေရရှာတယ်''
''ဟုတ်တယ်ဒါတွေဟာစိတ်ကြောင့်ပဲ''