images
UN
UN
ခမ်းပါတ်မြို့တွင်H1 N1 ရောဂါအကြောင်း သိကောင်းစရာ ကျန်းမာရေး အသိပညာပေးဟောပြောပွဲပြုလုပ်
ဇော်ဝင်းထွန်း Wednesday, 26 June 2019
စစ်ကိုင်းတိုင်းဒေသကြီး ခမ်းပါတ်မြို့ အခြေခံပညာအထက်တန်း ကျောင်း မြဝတီခန်းမဆောင်တွင် ယနေ့ နံနက်၁ဝနာရီကံH1 N1 ရောဂါအကြောင်းသိကောင်းစရာ ကျန်းမာရေးအသိပညာပေးဟော ပြောပွဲပြုလုပ်ခဲ့ကြောင်း အဆိုပါကျောင်းမှ သိရသည်။
ဟောပြောပွဲတွင် ပထမဦးစွာ ခမ်းပါတ်မြို့အုပ်ချုပ်ရေးမှူး ဦးကျော်စွာဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံ၊ ခမ်းပါတ်မြို့မှ တာဝန်ခံဆရာဝန် ဒေါက်တာစန်းလင်းကH1 N1 ရောဂါဖြစ်ပွားပုံ၊ ရောဂါကူးစက်ပုံနှင့် ရောဂါလက္ခဏာများ၊ ရောဂါမဖြစ်ပွားအောင်ကာကွယ်ရန်နည်းလမ်း များ၊ H1 N1 ဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားမြစ်နိုင်ရန်အတွက် ဆောင်ရွက်ရန် နည်းလမ်းများကို အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြောင်း သိရသည်။