images
UN
UN
မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး ဒီးမော့ဆို၌ဖွင့်
တောရယ် Wednesday, 26 June 2019
ကယားပြည်နယ် ဒီးမော့ဆို မြို့နယ် ကြက်ခြေနီအသင်းခွဲရုံး ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီက ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးအား မြန်မာနိုင်ငံကြက် ခြေနီအသင်းအချိန်ပြည့်အမှုဆောင် ဒေါက်တာအမယာမော်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဉာဏ်လှိုင်နှင့် မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌဦးမောင်ခွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။ ထို့နောက် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်ကကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းအချိန်ပြည့်အမှုဆောင်ဒေါက်တာ အမယာ မော်နိုင်က ကြက်ခြေနီအသင်း လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း ၍ လမ်းညွှန်အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီအတွင်းရေးမှူးက ကြက်ခြေနီအသင်း ခွဲ လုပ်ငန်းစဉ်များအကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး မြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌက ကျေးဇူးတင်စကားပြန်လည်ပြောကြား ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း အချိန်ပြည့် အမှုဆောင်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျန်းမာရေးဌာနညွှန်ကြား ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဒီးမော့ဆိုမြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် ကြက်ခြေနီ စေတနာ့ လုပ်အားရှင်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းကျန်းမာရေးဌာန CBHR စီမံကိန်းမှတာဝန်ရှိ ပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြောင်း သိရ သည်။