images
UN
UN
ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ၂ /၂ဝ၁၉ ဖွင့်လှစ်
ဇော်ဇော်(မြို့သစ်) Wednesday, 26 June 2019
မကွေးခရိုင် မြို့သစ်မြို့ ကျန်း မာရေးစီမံချက်ဖြင့် မြို့သစ်မြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ပူးပေါင်း ဆောင်ရွက်မှုဖြင့် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်းအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အားကာဦးစီး ဌာနအစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။
ရှေးဦးစွာမြို့သစ်မြို့နယ် ကြက် ခြေနီအသင်းခွဲ ဥက္ကဋ္ဌဦးတင်လှ ကသင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ် သက်သည်များကိုတက်ရောက်လာ သော သင်းတန်းသား/သူများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့သစ်မြို့ နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မြို့နယ်တပ်ခွဲမှူး ဦးထိန်လင်းကျော် က သင်တန်းတွင်ပို့ချမည့် အခြေခံ ရှေးဦးသူနာပြုစုခြင်းနှင့်ပတ်သက် သည့်အကြောင်းအရာများကို ရှင်း လင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် သင်တန်းတွင် မြို့ သစ်မြို့နယ် ကြက်ခြေနီ အသင်းခွဲ ဥက္ကဋ္ဌက စစ်ရေးပြလေ့ကျင့်ခြင်း ကြက်ခြေနီသမိုင်းကြောင်း၊ရှေးဦး ပြုစုခြင်း၊ခန္ဓာကိုယ်တွင်သွေးလည် ပတ်သွားလာခြင်းစသည့် လေ့ကျင့် သင်ရိုးညွှန်းတမ်းများကို သင်ကြား ပို့ချခဲ့သည်။
အဆိုပါသင်တန်းသို့ မြို့သစ် မြို့မ (၅)ရပ်ကွက်မှသင်တန်းသား သင်တန်းသူများအနီးရှိ ကျေးရွာ များမှ စိတ်ပါဝင်စားသော သင် တန်းသား သင်တန်းသူသတ်မှတ် ထားသည့် ၃ဝအား နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းခွဲကာ သင်ကြားပို့ချ ပေးခဲ့သည်။ သင်တန်းကာလမှာ ခုနစ်ရက်ကြာ သင်ကြားပို့ချသွား မည်ဖြစ်ကြောင်း သိရသည်။