images
UN
UN
ရေကြည်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ထိန်းချုပ်ရေး အသိပေးဆွေးနွေးပွဲကျင်းပ
အောင်သူဟန် Thursday, 27 June 2019
ဧရာဝတီတိုင်းဒေသကြီး ပု သိမ်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ရေကြည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် သွေးလွန် တုပ်ကွေးရောဂါကြိုတင်ကာကွယ် ရေးနှင့်ထိန်းချုပ်ရေးအရှိန်အဟုန် မြှင့် ဆောင်ရွက်ခြင်းလုပ်ငန်း အသိပေးညှိနှိုင်းဆွေးနွေးပွဲကိုယနေ့ နံနက် ၉ နာရီက ရေကြည်မြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ ၌ ကျင်းပခဲ့သည်။
အဆိုပါအသိပေးဆွေးနွေးပွဲ တွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်အောင်က သွေးလွန် တုပ်ကွေးရောဂါသည် ကူးစက် မြန်ရောဂါတစ်မျိုးဖြစ်ပြီး အဆိုပါ ရောဂါလက္ခဏာများနှင့်ကြိုတင် ကာကွယ်ကုသမှုများအကြောင်းနှင့် ရောဂါကူးစက်ပုံ၊ သွေးလွန်တုပ် ကွေးခြင်ကျားအများဆုံးကိုက်လေ့ ရှိသည့်အချိန်နှင့်နေရာ၊ ရောဂါဖြစ် ပွားပုံအဆင့်ဆင့်နှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို သေချာစွာ ဆောင်ရွက်ကြရန် ဆွေးနွေးပြော ကြားခဲ့ကြောင်း သိရသည်။