images
UN
UN
ရာသီတုပ်ကွေးရောဂါ (H1N1) အကြောင်းအသိပညာပေးဟောပြော
ရွှေဒေးသူ Thursday, 27 June 2019
ဖျာပုံခရိုင် ဒေးဒရဲမြို့ အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်းတွင် ရာသီတုပ်ကွေးရော ဂါ (H1N1) ကာကွယ်ရေးအသိ ပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းတည့် ၁၂နာရီက ကျင်းပခဲ့ သည်။
အဆိုပါ ဟောပြောပွဲတွင် ဒေါက်တာရဲရင့်အောင်(ဦးစီးအရာ ရှိ)သွားကျန်းမာရေးက ရာသီတုပ် ကွေးရောဂါ (H1N1) သည် ဗိုင်းစ် ရပ်ပိုးအမျိုးအစားဖြစ်၍ လေထဲ မှတစ်ဆင့်ကူးစက်နိုင်ကြောင်း၊ ရောဂါပိုးရှိသည့်နေရာများကို လက်ဖြင့်ကိုင်မိ၍လည်းကူးစက် နိုင်ကြောင်းနှင့် ရာသီတုပ်ကွေး ရောဂါ (H1N1) ရောဂါလက္ခဏာ များအားလည်းကောင်း၊ ဒေါ်မိုးမိုး လှိုင် (မြို့နယ်သူနာပြုအဆင့်-၁)က ရာသီတုပ်ကွေးရောဂါကြိုတင်ကာ ကွယ်ခြင်း နည်းလမ်းများကိုလည်း ကောင်း၊ ဒေါ်ဇင်မျိုးသူ သားဖွား ဆရာမက ရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းများကိုလည်း ကောင်း အသိပညာပေးဟောပြော ခဲ့ကြသည်။
အခမ်းအနားသို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း မှ ဆရာ ဆရာမများ၊ ကျောင်း သား ကျောင်းသူများ စုစုပေါင်း ၇၇ဝ တက်ရောက်ခဲ့ကြောင်း သိရသည်။