images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး လားရှိုးမြို့ပေါ်ရှိ စေတီတော်မြတ်များအား ဖူးမြော်ကြည်ညို အလှူငွေများလှူဒါန်း
သုတ(မန္တလေး) Thursday, 27 June 2019
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် လားရှိုးမြို့သို့ရောက်ရှိနေစဉ် ယနေ့နံနက် ပိုင်းက မြို့ပေါ်ရှိ စေတီတော်မြတ်များအား လှည့်လည်ဖူးမြော်ကြည်ညို၍ အလှူငွေ များပေးအပ်လှူဒါန်းခဲ့သည်။
ရှေးဦးစွာ ပါတီဥက္ကဋ္ဌနှင့်အဖွဲ့သည် ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီ တော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍ အလှူငွေများပေးအပ်လှူဒါန်းပြီးနောက် ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ် ရေးထိုးခဲ့သည်။
ထို့နောက် ပါတီဥက္ကဋ္ဌနှင့် အဖွဲ့သည် ရှေးဟောင်းမန်ဆူဘုရားကြီးနှင့်စေတီတော် မြတ်အား ဖူးမြော်ကြည်ညို၍ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။
ထိုသို့ပေးအပ်လှူဒါန်းရာသို့ ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့်အတူ ပါတီ အထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်နှင့်ရှမ်းပြည်နယ်ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌဦးစိုင်းသန်းဝင်း၊ ပါတီဗဟို အတိုင်ပင်ခံ ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်မြေတာဝန်ခံ ဦးအောင်သန်းထွဋ်၊ ရှမ်း ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်သူ၊ ပြည်နယ်ပါတီ အတွင်း ရေးမှူး ဒေါက်တာလဆိုင်း၊ ပြည်နယ်ပါတီ ကော်မတီဝင်များ လိုက်ပါခဲ့ကြောင်း သိရ သည်။