images
UN
UN
ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ ထွန်းစေလင်းစေ ထိန်စေသောဝ် သာသနာဆူးငြောင့် တစ်ဆစ်မချန် အမြစ်လှန်၍ နုတ်ပယ်ပစ်ချိန်တန်ပေပြီ (၃)
တက္ကသိုလ်မြတ်သူ Thursday, 27 June 2019
နောင်နှစ်ပေါင်း ၁ဝဝအကြာ ဝေသာလီ ပြည် ဝါလိကာရုံကျောင်းတိုက်၌ သုသုနာဂါ မင်း၏သားတော် ကာဠာသောကမင်းက သာသနာ့ဒါယကာပြု၍ ဒုတိယသင်္ဂါယနာ တင်သည်။ ရှင်မဟာယသ၊ ရှင်ရေဝတ၊ ရှင်သဗ္ဗကာမိတို့က ဦးစီးသည်။ ရှစ်လကြာ မြင့်သည်။ (ဘီစီ-၄၄၂)။
အသောကမင်းခေါ် သီရိဓမ္မာသောက မင်းလက်ထက် မင်းနေပြည်တော်က ကျယ်ပြောလာသကဲ့သို့ ဗုဒ္ဓသာသနာတော် လည်း ပြန့်ပွားထွန်းကားလာသည်။ အသောကမင်းသည်စေတီပုထိုးများ (ရေ တွင်းရေကန်များ)၊ ဝိဟာရကျောင်းတိုက် များ အမြောက်အမြားတည်၍ ကုသိုလ်ပြုခဲ့ သည်။ အသောကမင်းက သာသနာ့ဒါယ ကာခံ၍ ပါဋလိပုတ်ပြည်၊ အသောကရုံ ကျောင်းတိုက်၌ သံဃာအပေါင်း ၁ဝဝဝ ဖြင့် ကိုးလကြာမျှ တတိယသင်္ဂါယနာတင် ခဲ့ရာ ရှင်မောဂ္ဂလိပုတ္တတိဿမထေရ်ကဦးစီး သည်။ (ဘီစီ-၃ဝ၉)။အိန္ဒိယနိုင်ငံမြောက်ပိုင်း ကုသန အင်ပါယာ၏ ဧကရာဇ်ကနိသျှက(ကနိဋ္ဌ) မင်းလက်ထက်တွင် ဂန္ဓာရတိုင်း ကသ္မိရ၊ (နာလန္ဒာ)မြို့၌ ရှင်ဝါသုမိတြကြီးမှူးကာ စတုတ္ထသင်္ဂါယနာတင်ခဲ့သည်။ ယင်း သင်္ဂါယနာပွဲတွင် သီဟိုဠ်(သီရိလင်္ကာ)မှြ<ွကရောက်သောသံဃာများက မြောက် ပိုင်းတွင် ကျော်ကြားသြဇာညောင်းသော ဆရာတော် အဿွဂေါသ၊ ရှင်နာဂဇုန၊ ရှင်အသင်္ဂ စသည့်ဆရာတော်ကြီးများက ၄င်းတို့ရေးသားပြုစုသည့် ကျမ်းများကို ဘုရားဟောပိဋကတ်အဖြစ်တင်သွင်းလာ ခြင်းကို ကန့်ကွက်သည်။ ကန့်ကွက်မရ၍ သီရိလင်္ကာသံဃာများက သင်္ဂါယနာပွဲ ဆက်မတက်တော့ဘဲ သီရိလင်္ကာတွင် စတုတ္ထသင်္ဂါယနာ ဝင်ပြိုင်တင်သည်။ ဤတွင် အိန္ဒိယမြောက်ပိုင်း ဗုဒ္ဓဘာသာ ဂိုဏ်း(မဟာယာန)နှင့် တောင်ပိုင်း (သီရိ လင်္ကာ)(ထေရဝါဒဂိုဏ်း)ဟူ၍ ကွဲခဲ့ သည်။ မြောက်ပိုင်းမဟာယာနဂိုဏ်းက ဟိမဝန္တာတောင်ပေါ်ဒေသများ၊ တိဗက်၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ မွန်ဂို၊ ရုရှ တို့အထိပျံ့နှံ့သွားသည်။ ထေရဝါဒဂိုဏ်း က သီရိလင်္ကာ၊ မြန်မာ၊ လာအို၊ ကမ္ဘော ဒီးယား၊ ထိုင်း၊ ဗီယက်နမ်စသည့် နိုင်ငံ များတွင်ပျံ့နှံ့သည်။ ယနေ့ထေရဝါဒ ဗုဒ္ဓ သာသနာတော်၏အချက်အချာ ဘူမိနက် သန်မှာ မြန်မာနိုင်ငံဖြစ်နေပေသည်။
ပဉ္စမသင်္ဂါယနာတင်ပွဲကို မြန်မာ နိုင်ငံ၊ မန္တလေးရတနာပုံနေပြည်တော် တွင် မင်းတုန်းမင်းတြားကြီးက သာသနာ့ ဒါယကာခံ၍ကျင်းပခဲ့ရာ ငါးလနှင့် သုံးရက်ကြာသည်။ သံဃာအပါး ၂၄ဝဝ ပါဝင်ခဲ့သည်။ ပဉ္စမသင်္ဂါယနာတင် ပိဋ ကတ်တော်များကို ကျောက်ထက်အက္ခရာ တင်ပြီး မန္တလေးတောင်ခြေ၊ ကုသိုလ် တော်ဘုရားဝင်း၌ ကျောက်စာရုံများဖြင့် ထားရှိပူဇော်ခဲ့ရာ ကမ္ဘာ့အကြီးဆုံးစာအုပ် ကြီးဟုကျော်ကြားခဲ့သည်။(အေဒီ ၁၈၅၆)
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင် သော ဖဆပလအဖွဲ့ချုပ်က အစိုးရဖွဲ့စည်း တာဝန်ယူခဲ့သည်။ လွတ်လပ်ရေးမရမီ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရ၍ဖဆပလ ဥက္ကဋ္ဌတာဝန်၊ ဝန်ကြီးချုပ်တာဝန်ကို သခင်နုက ယူခဲ့ရသည်။ ၁၉၅၄မှ ၁၉၅၆ အတွင်း ရန်ကုန်မြို့ ကမ္ဘာအေးတွင် အထူး တည်ဆောက်ကာ ဗုဒ္ဓသာသနာတော်နှစ် ၂၅ဝဝ ပြည့်အထိမ်းအမှတ် ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ခဲ့သည်။


ညောင်ရမ်းဆရာ တော်ဘုရား၊ ပထမဆုံး တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဘွဲ့ရ ဆရာတော် ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသ၊မဟာစည်ဆရာတော် တို့ကကြီးမှူးကျင်းပ သင်္ဂါယနာတင်ခဲ့ သည်။ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်တော် များကို ခေတ်နှင့်အညီ အသံဖမ်းတိပ်ခွေ များဖြင့်ဖမ်း၊ လက်နှိပ်စက်၊ ပုံနှိပ်စက် တို့ဖြင့် မှတ်တမ်းပြုထားနိုင်ခဲ့သည်။
မြတ်စွာဘုရားသခင်ကိုယ်တော်မြတ် ကြီး ပရိနိဗ္ဗာန်ပြုပြီးနောက် ဗုဒ္ဓဘာသာဝင် ရဟန်း သံဃာများအတွင်း တရားဓမ္မ အယူအကောက် လွဲ၊ မူကွဲ၊ လူကွဲကာ ဂိုဏ်းများကွဲခဲ့သည်။ သင်္ဂါယနာတင် ပွဲကာလများတွင် ထိုသံဃာ ဂိုဏ်းကွဲများ ရှိနေခဲ့သည်။ အိန္ဒိယတွင် ဂိုဏ်းများကွဲ သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ရွှေကျင်၊ သုဓမ္မာ၊ ကံ၊ ဒွါရ၊ ငှက်တွင်း၊ စသည် စသည် သံဃာဂိုဏ်းကွဲများစွာရှိခဲ့သည်။ လမ်းစဉ်ပါတီအစိုးရလက်ထက် ၁၉၈ဝ ပြည့်နှစ်တွင် သာသနာတော်သန့်ရှင်းရေး နှင့် ပြန့်ပွားရေးအလို့ငှာ သံဃာဂိုဏ်းကြီး ကိုးဂိုဏ်းစုစည်းကာ ဂိုဏ်းပေါင်းစုံသံဃာ့ မဟာနာယကအဖွဲ့ကြီးကို နိုင်ငံတော်က ကမကထပြု၍ ဖွဲ့စည်းနိုင်ခဲ့သည်။
ကမ္ဘာတွင်လည်း (အထူးသဖြင့် အိန္ဒိယ၊ သီရိလင်္ကာတို့တွင် မဟာယာန၊ ထေရဝါဒ ဂိုဏ်းကြီးနှစ်ဂိုဏ်းကွဲရာမှစ၍ မတူကွဲပြားမှုများရှိလာခဲ့သည်။ ၁၈၆ဝ ပြည့်နှစ် အမေရိကန်ပြည်တွင်းစစ်ပွဲတွင် ပြည်ထောင်စုအစိုးရတပ်တွင် ဗိုလ်မှူးကြီး အိုလ်ကော့သည် အမေရိကန်အချင်းချင်း သွေးချောင်းစီးမျှသတ်ခဲ့ရ တိုက်ခဲ့ရသည် ကို စိတ်ကုန်ပြီး တပ်မှအနားယူခဲ့သည်။ အိန္ဒိယသို့ရောက်လာကာ သီအိုဆိုဖီ အသင်းမှ ဗုဒ္ဓဘာသာစာအုပ်များဖတ်ပြီး ဗုဒ္ဓဘာသာကို သဘောကျခံယူခဲ့သည်။ အိုလ်ကော့က ဗုဒ္ဓဘာသာဂိုဏ်းကွဲများကို ဗုဒ္ဓ၏ နိဗ္ဗာန်လမ်းစဉ်ကို တူညီလက်ခံနိုင်၊ လက်မခံနိုင်မေးသည်။ ဂိုဏ်းကွဲများက တူညီစွာလက်ခံသည်။ ဗုဒ္ဓ၏ငါးပါးသီလ ကိုရော လက်ခံမခံမေးရာ အားလုံးက လက်ခံ၍ ငါးပါးသီလ သင်္ကေတအရောင် ငါးမျိုးပါ သာသနာအလံကို တီထွင်ပေး ခဲ့ဖူးပေသည်။ မြန်မာနိုင်ငံတွင်လည်း ဗိုလ်ချုပ်ကြီးနေဝင်း သို့မဟုတ် နိုင်ငံတော် ကောင်စီဥက္ကဋ္ဌ ဦးနေဝင်းလက်ထက် ဂိုဏ်းပေါင်းစုံသံဃာ့မဟာနာယက အဖွဲ့ ကြီးတွင် ဂိုဏ်းကြီးကိုးဂိုဏ်း စုစည်း ညီညွတ်စွာပါဝင်ကာ ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓသာသနာတော်သုံးရပ် တာဝန်၊ သာသနာသန့်ရှင်းရေးနှင့် သာသနာတော် တည်တံ့ခိုင်မြဲရေးတို့ကို ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအရွယ် သို့မဟုတ် နှင့် မမျှ အပင်ပန်းခံဆောင်ရွက်တော်မူလျက် ရှိကြပေသည်။
မြန်မာနိုင်ငံသည် ဗုဒ္ဓသက်တော်ထင် ရှားရှိစဉ်ကပင် ဗုဒ္ဓသာသနာတော်ရောက် ရှိ အမြစ်တွယ်ခဲ့သည်။တစ်ချိန်ကလူဦးရေ ၏ ရာနှုန်းပြည့်မျှ ဗုဒ္ဓဘာသာဝင်များ ဖြစ်ခဲ့ကြသည်။ စေတီပုထိုးလက်ညှိုးထိုး မလွဲရှိနေသော နိုင်ငံဖြစ်သည်။ အခြား မတူကွဲပြားသည့် ဘာသာသာသနာကိုး ကွယ်မှုများကိုလည်း ကြည်ဖြူလက်သင့်ခံ ခဲ့ကြပေသည်။ ကမ္ဘာ့ဘာသာကြီး လေးရပ်တွင် ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာတို့ အစဉ်အတိုင်း ပေါ်ထွန်းခဲ့သည်။ ခရစ် ယာန်တွင်လည်း ပရိုတက်စ်တင့်၊ ဘက် ပတစ်၊ ကက်ဆိုလိတ်မှစ၍ ဂိုဏ်းပေါင်း ၂၉ ဂိုဏ်းကွဲခဲ့သည်။ ဟိန္ဒူတွင် ဇာတ် ကွဲပြားမှု၊ လူတန်းစားကွဲပြားမှု၊ ဆင်းရဲ ချမ်းသာကွာဟမှု၊ လူမျိုးနွယ်ကွဲပြားမှု ကြောင့် အကွဲ၊ အအက် ရှိတန်သရွေ့ရှိ သော်လည်း တည်ငြိမ်မှုအရှိဆုံးဘာသာ ဖြစ်ပေသည်။ စတုတ္ထမြောက်ပေါ်လာ သည့် အစ္စလာမ်ဘာသာမှာ ဆော်ဒီအာ ရေဗျတွင် မိုဟာမက်က စတင်ဟောပြော သော ကောင်းကင်ဘုံမှ အလ္လာဟု အရှင် မြတ်၏တရားတော် (ကိုရမ်ကျမ်း)ကို အခြေခံ၍ပေါ်ထွန်းခဲ့သည်။အရှေ့အလယ် ပိုင်းတစ်ခွင်၊ တောင်အာရှ၊ အရှေ့တောင် အာရှ၊ ရုရှတောင်ပိုင်း၊ အလယ်အာရှ၊ ဥရောပတောင်ပိုင်း၊ အာဖရိကမြောက်ခြမ်း နိုင်ငံပေါင်း ၅၇ နိုင်ငံတို့တွင် ပြန့်ပွား နေပေသည်။ ခရစ်ယာန်ဘာသာကို အမေရိက တောင်၊ မြောက်၊ ဥရောပ၊ သြစတြေးလျ၊ နယူးဇီလန်တို့တွင် အလုံး အရင်းဖြင့်ထွန်းကားလျက်ရှိပြီး ကမ္ဘာ့ နိုင်ငံများစွာသို့ပျံ့နှံ့စပြုလာနေပေသည်။

မြတ်ဗုဒ္ဓသာသနာကား အိန္ဒိယ၊ သီရိ လင်္ကာ၊ နီပေါ၊ ဘူတန်၊ တိဗက်၊ တရုတ်၊ တောင်-မြောက်ကိုရီးယား၊ ဂျပန်၊ ဗီယက် နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း (တစ် ချိန်က မလေးရှား၊ အင်ဒိုနီးရှား) မြန်မာ၊ သီရိလင်္ကာနိုင်ငံ(တစ်ချိန်ကအလယ်အာရှ နိုင်ငံများ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အာဖဂန်နစ္စတန်) ယနေ့အာရှတိုက်နိုင်ငံမှ ဗုဒ္ဓဘာသာဝင်များရွှေ့ပြောင်းနေထိုင်ရာမှ သုတေသီပညာရှင်တို့ အိန္ဒိယတွင်လေ့လာ တွေ့ရှိချက်အရ ဥရောပမှ အင်္ဂလန်၊ ပြင်သစ်၊ ချက်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံ၊ ရုရှ၊ အမေရိကန်၊ ကနေဒါနှင့် တောင် အမေရိက၊ လက်တင်နိုင်ငံများနှင့် အာဖရိကနိုင်ငံအချို့ (စုစုပေါင်းနိုင်ငံငါး ဆယ်ကျော်တွင်) ဗုဒ္ဓသာသနာတော် ရောက်ရှိအမြစ်တွယ်နေပေပြီ။
မြန်မာနိုင်ငံတွင် အင်္ဂလိပ်နယ်ချဲ့တို့ နှစ်ပေါင်းတစ်ရာကျော် မြန်မာ့ဦးစွန်း ဗုဒ္ဓ သာသနာတော်တို့ကို ဖျက်လိုဖျက်ဆီး လုပ်၊ စော်ကားမော်ကားလုပ်ခဲ့ကြသဖြင့် ရှေးမြန်မာတို့က အင်္ဂလိပ်တို့ကို ကုလား ဖြူမိစ္ဆာတွေဟု သမုတ်ခဲ့ကြသည်။ကိုလိုနီ ကျွန်ဘဝမှာပင် ဗုဒ္ဓဘာသာဝင်ရဟန်း တော်များ၊ မြန်မာတိုင်းရင်းသားစုံ မျိုးချစ် ပြည်ချစ်၊ ဗုဒ္ဓဘာသာနွယ်ဝင်များက အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာတံခွန် ထူရေး၊ လွတ်လပ်ရေး၊ ထွန်းကားရေး အတွက် စွန့်စားဆောင်ရွက်ခဲ့ကြသည်။
လွတ်လပ်ရေးရလာပြန်တော့ဓမ္မန္တရာယ် ဆိုသည်မှာ ပေါ်လာသည်။နယ်ချဲ့သွေးခွဲခံ သံဃာဂိုဏ်းကွဲများ၊ အုပ်စုများပေါ်လာ ခဲ့သည်။ ကျူးကျော်ခိုးဝင်ပြီး နိုင်ငံမြေကို အပိုင်စီး၊ မြန်မာနိုင်ငံ၏ဝိသေသထူးလှ သော လူများစုကြီးကိုးကွယ်ရာ ဗုဒ္ဓသာ သနာတော်ကိုထိပါး၊ နိုင်ငံပျက်၊ လူမျိုး ကွယ်၊ ဘာသာသာသနာပျောက်မည့် အန္တရာယ်ကြုံနေရသည်။ ဒီမိုကရေစီ သမားဆိုသူများမှာပင် ဗုဒ္ဓဘာသာကို နှိပ်ကွပ်၊ ဖျက်လိုဖျက်ဆီးလုပ်နေသည့် လုပ်ရပ်များတွေ့နေရသည်။
ကမ္ဘာ့ဘာသာပေါင်းစုံနှီးနှောဖလှယ် ပွဲကြီးတစ်ခုတွင် ကမ္ဘာပေါ်ရှိသမျှဘာသာ သာသနာများတွင် ဗုဒ္ဓဘာသာသည် အကောင်းဆုံးဟု သဘောတူညီနေကြ သည်။ ဟေတုအကြောင်းကို ပစ္စယော အထောက်အပံ့ပြု၍ အကျိုးဖြစ်ထွန်းတတ် သည်။ ဥုံဖွဆိုရုံဖြင့် ဘာမှဖြစ်မလာ။ ကံ-ကံ၏အကျိုး၊ မိမိပြုလုပ်မှုအကျိုး မိမိရရှိ မည်။ ထို့ကြောင့် အတ္တာဟိအတ္တနော နာထောဆိုသည်နှင့်အညီ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၅ဝဝ မက အမြစ်တွယ်ထွန်း တောက်နေသောမြတ်ဗုဒ္ဓ၏သာသနာတော် ကိုကာကွယ်စောင့်ရှောက်ရန် ဗုဒ္ဓဘာသာ ဝင်မြန်မာသူတော်စင်တို့(မြတ်စွာဘုရား၏ ပစ္ဆိမဗုဒ္ဓဝဓနတွင်ပါသည့်အတိုင်း အပ္ပမာ ဒေန မမေ့မလျော့သောသတိဖြင့် သမ္မာ ဒေထ ကောင်းစွာပြည့်စုံစေသတည်းဖြစ် အောင် အတ္တာဟိ၊ အတ္တနောနာထော မိမိ တို့ကိုယ်တိုင်ပြုကြရ၊ကာကွယ်ကြရ၊စောင့် ရှောက်ကြရပါတော့မည်။ ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ထွန်းစေသောဝ်။
ဗုဒ္ဓသာသနံစိရံတိဋ္ဌတုပါခင်ဗျာ။