images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ဒေသခံတိုင်းရင်းသားများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်
Thursday, 27 June 2019
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဒေသခံတိုင်းရင်းသားများ တွေ့ဆုံပွဲအခမ်းအနားကို လားရှိုးမြို့ ရပ်ကွက်(၁၂)ရှိ မိုးလုံလေလုံ အားကစားရုံတွင် ယနေ့နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပခဲ့သည်။ အခမ်းအနားအား နိုင်ငံတော်သီချင်း သံပြိုင်သီဆိုပြီး နိုင်ငံတော်အလံအား အလေးပြုဖွင့်လှစ်ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာသော ဒေသခံတိုင်းရင်းသားများက ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့အား တစ်ဦးချင်းမိတ်ဆက်ပေးခဲ့ ကြောင်း သိရသည်။ ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက နှုတ်ခွန်းဆက်စကားပြော ကြားပြီးနောက် လားရှိုးမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ၏ပါတီဝင်အဆိုပြုလွှာများအား မြို့ နယ်ပါတီဥက္ကဋ္ဌဦးအုန်းငွေက ဗဟိုအလုပ် အမှုဆောင် ရှမ်းပြည်နယ် ပါတီဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်းထံ ပေးအပ်ခဲ့သည်။
ဆက်လက်၍ အခမ်းအနားသို့ တက် ရောက်လာသောဒေသခံတိုင်းရင်းသားများ က လက်ရှိအချိန်တွင် ၄င်းတို့ရင်ဆိုင်ကြုံ တွေ့နေရသော အခက်အခဲများကို တင်ပြ ဆွေးနွေးခဲ့ရာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက် နိုင်ဝင်းနှင့် ပါတီဗဟိုအတိုင်ပင်ခံ ရှမ်း ပြည်နယ်(မြောက်ပိုင်း) နယ်မြေတာဝန်ခံ ဦးအောင်သန်းထွဋ်တို့က တင်ပြလာမှုများ အပေါ် ပြန်လည်ဖြေကြားဆွေးနွေးခဲ့သည်။
ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက နိဂုံးချုပ်အမှာစကားပြော ကြား၍ အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။
အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးသန်းဌေးနှင့်အတူ ပါတီအထွေ ထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးဝဏ္ဏမောင်လွင်နှင့် ရှမ်းပြည်နယ် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုင်းသန်းဝင်း၊ ပါတီ ဗဟိုအတိုင်ပင်ခံရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်မြေတာဝန်ခံ ဦးအောင်သန်းထွဋ်၊ ရှမ်း ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးအောင်သူ၊ ပြည်နယ်ပါတီကော်မတီဝင် များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လားရှိုးမြို့နယ်ပါတီမှ ပါတီတာဝန်ရှိသူ များ၊ပါတီဝင်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိ ရသည်။