images
UN
UN
နယ်စပ် လုံချွမ်မြို့တွင် မြန်မာအလုပ်သမားခုနစ်ဦး မှိုအဆိပ်သင့်၍ လားရှိုးဆေးရုံသို့ပို့ဆောင်ရာ လမ်းတွင်တစ်ဦးသေဆုံး
မောင်စိန်ဝင်း Thursday, 27 June 2019
တရုတ်နယ်စပ် လုံချွမ်မြို့တွင် မြန်မာ အလုပ်သမား ခုနစ်ဦး မှိုအဆိပ်သင့်၍ လားရှိုးဆေးရုံသို့ ပို့ဆောင်ရာလမ်းတွင် တစ်ဦးသေဆုံးခဲ့ကြောင်းရွှေလီကျောက်ဝိုင်း ကျောက်မျက်အဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မြန်မာ-တရုတ် နယ်စပ် ယူနန်ပြည်နယ် လုံချွမ်မြို့တွင် အလုပ် လုပ်ကိုင်နေကြသော မြန်မာအလုပ်သမား ခုနစ်ဦးမှာ ခြံအလုပ် လုပ်ကိုင်နေစဉ် ခြံ အတွင်းမှ အမျိုးအမည်မသိ မှိုတစ်မျိုးကို စားသုံးမိရာမှ မှိုအဆိပ်သင့်၍ ယမန်နေ့ ညနေပိုင်းတွင် ရွှေလီမြို့သို့ ရောက်ရှိလာ ပြီး ရွှေလီကျောက်ဝိုင်း ကျောက်မျက်အဖွဲ့ မှ မနန်းအေးအေးလီက မွန်းလွဲ ၃ နာရီ ၃၈ မိနစ်တွင် မူဆယ်မြို့ ချစ်ကြည်ရေး ဂိတ်ပေါက်(အလယ်ပေါက်)မှ တစ်ဆင့် ပရဟိတအဖွဲ့များထံသို့ လွှဲပြောင်းပေးခဲ့ရ ကြောင်း သိရသည်။
မှိုအဆိပ်သင့်သူများမှာ မကွေးတိုင်း ဒေသကြီးမှဖြစ်ပြီးကိုထွန်းထွန်းဦး(၃၆နှစ်)၊ ကိုထွန်းထွန်းလင်း(၄၂ နှစ်)၊ ကိုတင်ဆန်း လင်း(၂ဝ နှစ်)၊ ကိုဆူပါ(၂၈နှစ်)၊ မစုမြတ် နိုင်(၂၄နှစ်) ၊ မသိန်းသိန်းဝင်း (၃၈နှစ်)၊ မကေဇင်သွယ်(၂၈ နှစ်)တို့ဖြစ်ကာ ၄င်းတို့ အား အလုပ်ရှင်မှ တစ်ဦးလျှင် တရုတ်ယွမ် ငွေ ၅ဝဝဝ စီ ပေးအပ်ခဲ့ကြောင်း ကူညီ ဆောင်ရွက်ပေးသူ မနန်းအေးအေးလီက ပြောသည်။
''သူတို့ လုံချွမ်ဆေးရုံမှာ ဆေးရုံတက် နေတာ ခြောက်ရက်လောက်ရှိပြီ။ အဆိပ် မိမိချင်း သူဌေးကိုယ်တိုင် ဆေးရုံကိုပို့ပြီး ကုပေးပါတယ်။ သူတို့ဘာသာ ခြံထဲက တွေ့တဲ့မှိုကို စားမိတာပေါ့။ သူတို့ကိုကြည့် ရတာတော့ စိုးရိမ်ရတယ်ရှင့်။ အောက် ဆီဂျင်ဘူးတွေနဲ့ သယ်လာတာတွေ့ရတယ်။ သူတို့မိသားစုတွေက ပြန်သယ်မယ်ဆိုလို့ ပြန်သယ်လာကြတာပါ''ဟု ၄င်းကပြော သည်။
၎င်းတို့အား မူဆယ်မြို့ ပြည်သူ့ဆေးရုံ မှတစ်ဆင့် ကရုဏာပရဟိတအသင်းမှ အရေးပေါ်ကား ငါးစီးဖြင့် သယ်ဆောင် လာခိုက် ယင်းရက် ည ၉ နာရီခန့်တွင် နမ့်ဖတ်ကာအနီး ပန်ဂျလော့ရွာ၌ ကိုထွန်း ထွန်းဦး(၃၆ နှစ်)မှာ သေဆုံးသွားကြောင်း ကနဦး သတင်းအရ သိရပြီး ဆက်လက်၍ သေဆုံးသွားသူအား မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့ သံဆည်ရွာသို့ ဆက်လက် ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။