images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတာဝန်ရှိသူများ ဖားဆောင်းမြို့နယ်ပါတီဥက္ကဋ္ဌနှင့်ပါတီကော်မတီဝင်များအားတွေ့ဆုံ
မမောင်(ချိကယ်သူ) Thursday, 27 June 2019
ကယားပြည်နယ် ဖားဆောင်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁ဝနာရီတွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအတိုင် ပင်ခံ နယ်မြေတာဝန်ခံဦးဝင်းမြင့်၊ ဗဟိုအလုပ်အမှုဆောင် ပြည်နယ် ပါတီ ဥက္ကဋ္ဌဦးပိုးရယ်အောင်သိန်း နှင့် ဖားဆောင်းမြို့နယ်ပြည်ခိုင် ဖြိုးပါတီဝင်များ တွေ့ဆုံပွဲကျင်းပ ခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲအခမ်းအနားတွင် နိုင်ငံတော်အလံ အလေးပြုပြီး နိုင်ငံတော်သီချင်းဖြင့် သီဆိုဖွင့် လှစ်ခဲ့ပြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ကယား ပြည်နယ်နယ်မြေတာဝန်ခံဦးဝင်းမြင့်က အဖွင့်အမှာစကားပြော ကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ကယား ပြည်နယ် ပါတီဥက္ကဋ္ဌဦးပိုးရယ်အောင်သိန်းက လမ်းညွှန်အမှာ စကားပြောကြားသွားပြီး ဖားဆောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးခင်မောင်ညိုနှင့် မြို့နယ်ကော်မတီဝင်များက ဖားဆောင်း မြို့နယ်ပြည်ခိုင်ဖြိုးပါတီကိစ္စရပ်များ၊ လုပ်ငန်းဆောင်ရွက်နေမှုအခြေ အနေများ၊ လိုအပ်ချက်များအသီးသီးတင်ပြဆွေးနွေးကြသည်။
တင်ပြဆွေးနွေးချက်များအား ဗဟိုအတိုင်ပင်ခံ ကယားပြည်နယ် နယ်မြေတာဝန်ခံ ဦးဝင်းမြင့်က ပြန်လည်ရှင်းလင်းဖြေကြားပြီး နိဂုံး ချုပ်အမှာစကားပြောကြားသွားသည်။
ယနေ့တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ကယားပြည်နယ် နယ်မြေတာဝန်ခံဦးဝင်းမြင့်၊ ဗဟို အလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း၊ ဖားဆောင်းမြို့နယ်အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသာ စိန်၊ ပြည်နယ်ကော်မတီဝင် ဖားဆောင်းမြို့နယ် တာဝန်ခံဒေါ်နန်းယဉ် သီတာထွေးနှင့် ပြည်နယ်ကော်မတီဝင်များ ဘောလခဲခရိုင်အတွင်းရေး မှူး ဦးချစ်ဦးမောင်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ဖားဆောင်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးခင်မောင်ညို၊ အတွင်းရေးမှူးဒေါ်ခင် နှင်းယဉ်၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာပါတီ ဥက္ကဋ္ဌများ၊ ပါတီဝင်များတက်ရောက်ပြီး တွေ့ဆုံပွဲကို နံနက် ၁၁ နာရီခွဲတွင် အောင်မြင်စွာပြီးစီးကြောင်း သိရသည်။